ကိုဘ မောင်တို့ လည်ပုံများ
ကိုဘမောင် တက္ကစီ စီးပြီး အိမ်သို့ ပြန်လာသည်။ အိမ်ရှေ့သို့ ရောက်သောအခါ
စကားတစ်ခွန်းမှ မပြောဘဲ ကားထဲမှ ထွက်သည်။ ထို့နောက် အိတ်ထောင်ကို နှိုက်သည်။
ရှပ်အင်္ကျိင်္ီအိတ်၊ တိုက်ပုံအိတ်တိုကို တစ်ခုချင်း နှိုတ်သည်။ ကားဆရာကို ကြည့်နေသည်။
ပိုက်ဆံထွက်မလာချေ။ ကိုဘမောင် စိတ်ပျက်သံဖြင့်ပြောသည်။
အက်ဖ်အီးစီတစ်ရာ ကားထဲကျနေတယ် ထင်တယ်။
ဤစာကားကို ကြားသည်နှင့် ကားဆရာသည် လီဗာကို တအားနင်းပြီး တစ်ရှိန်ထိုး
မောင်းထွက်သွားတော့သည်။
ထွက်သွားသော ကားကိုကြည့်ပြီး ကျေနပ်သော အမူအရာဖြင့် ကိုဘမောင် အိမ်ခန်းထဲ
လှမ်းဝင်လိုက်လေသည်။

ဖတ်ဖူးတယ် ကြာခဲ့ပြီ ပြန်ဖတ်ပြန်သတိရပြီး ပြန်ရယ်ခဲ့ပါတယ်
ReplyDelete