သင့်ကို အလေးအနက်ထားသူနင့် မထားသူ ခွဲခြားနည်း
သင့်ကို တကယ်
အလေးအနက်ထားသူဟာ... သင်နဲ့ တွေ့ဆုံတဲ့အခါ... ပြောစရာ စကားကို မရမက ရှာပြီး... စိတ်ဝင်စားအောင်
ပြောတတ်တယ်.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင် ချမ်းတဲ့အခါ... ချက်ချင်းပဲ အလျင်အမြန်
သူ့အနွေးထည်ကို ချွတ်ပေးပြီး သင့်ကို ၀တ်ပေးတယ်... သူ့မှာတော့ မချမ်းတဲ့ အမူအရာနဲ့ပေါ့...
သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင့်ဆီက ဘာ သတင်းမှ မကြားရတဲ့အခါ.... သင့်ကို မရမက
ဖုန်းဆက်ပြီး မေးလေ့ရှိတယ်... သင့်ကို တကယ်
အလေးအနက်ထားသူဟာ... သင် နေမကောင်းတဲ့အခါ...
သင့်ကို စိတ်ပူပန်ပြီး... အမြဲနှစ်သိမ့်အားပေးတတ်တယ်... သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သူမဟုတ်တဲ့ တခြား တစ်ယောက်နဲ့  အနေနီးစပ်လွန်းတဲ့အခါ... သ၀န်တိုပြီး ကလေးတစ်ယောက်လို
ဒေါသဖြစ်နေတတ်တယ်... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင်နဲ့ စိတ်ဆိုးတဲ့အခါ.... သူ့ဘက်က
မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ.... ဒေါသကို လျော့ပြီး သူက အရင် တောင်းပန်လေ့ရှိတယ်...
သင့်ကို တကယ် အလေးအနက်ထားသူဟာ... သင့်ရှေ့မှာ သူဟာ ကလေးဆန်ဆန် ပြုမူနေထိုင်တတ်ပေမဲ့...
သူ့စိတ်ထဲမှာတော့... သင့်ကို အမြဲလိုလို ကလေးလို သဘောထားတတ်တယ်.... သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင့်ကို နေ့တိုင်း သတိရနေတတ်တယ်.... စကားလုံးတွေနဲ့ ပြောဆိုခွင့်မရှိသည့်တိုင်... သင့်ကို
သတိရကြောင်း တစ်နည်းနည်းနဲ့ ပြသတတ်တယ်.... သင့်ကို တကယ် အလေးအနက်ထားသူဟာ... သူ ဘာကိစ္စပဲရှိရှိ
သင့်ကို အရင်ဆုံးပြောပြတယ်... ဘာလို့လဲဆိုတော့ သင် ဂရုစိုက်တာကို လိုချင်လို့ပါ....
သင့်ကို တကယ် အလေးအနက်ထားသူဟာ... လုပ်နိုင်တဲ့ အရာမှန်သမျှကို သင့်အတွက် စိတ်ပါလက်ပါ
လုပ်ပေးတတ်တယ်... ဘာကြောင့်လဲ ဆိုတာ မေးလေ့မရှိဘူး.... သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သံသယ များတတ်တယ်... ဒါကလဲ သူ သင့်ကို တကယ်ဂရုစိုက်လို့ပါပဲ.... သင့်ကို အလေးအနက်ထားချစ်တဲ့သူဟာ....
သင့်ကို ဂရုစိုက်ဆုံး သူပါပဲ.... သူက..... သင့်ရဲ့ ပျော်ရွှင်မှုကို ဂရုစိုက်တယ်...
သင့်ရဲ့ သောကတွေကို အလေးထားတယ်... သင့်ရဲ့ စိတ်ချမ်းသာမှုတွေကို တန်ဖိုးထားတယ်... သင့်ရဲ
့မျက်ရည်တွေကို ခြောက်ခမ်းစေတယ်... သင့်ရဲ့ ဒဏ်ရာတွေကို ကုစားပေးတယ်... သင့်ရဲ့ စကားလုံးတိုင်းကို
အလေးအနက်ထားတယ်... သင့်ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားမိတယ်... ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို
သင် မရိပ်မိ စေဖို့ပေါ့....
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ