Tuesday, July 31, 2012
ကိုယ်ရဲ့ ချစ်သူ က နောက်ဆုံး ချစ်သူ လား ဆိုတာသိချင်ရင်
သူငယ်ချင်းတို့ရေ ကိုယ့်ချစ်သူရဲ့နောက်ဆုံးချစ်သူ ဟုတ်မဟုတ်မသိချင်ကြဘူးလားဟ င် နည်းကတော့လွယ်လွယ်လေးပါ ...သင်ရယ်သင့်ရဲ့ချစ်သူတို့ရဲ့ေ မွးနေ့သက္ကရာဇ်အားလုံးကိုပေါင်ြး ကည့် နောက်ဆုံးရလာတဲ့ကိန်းတစ်လုံးက အဖြေပေါ့... ကဲ အစမ်းလေးလုပ်ကြည့်ရအောင် သင်က 13.1.1991 သင့်ချစ်သူက 4.4.1990 ဆိုပါစို့ 13+1+1991+4+4+1990=4181 4+1+8+1=14 > 1+4=5 အဖြေက 5 ပေါ့ ရှင်းပြီနော်... ကဲ တွက်ကြည့်ကြနော်.. 
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
Window XP Shortcut Keys
1. Ctrl + C             =  Copy
2. Ctrl + X             =  Cut
3. Ctrl + V             =  Paste
4. Ctrl + A             =  Select All
5. Ctrl + Z             =  Undo
6. Ctrl + E             =  Search Results in the file or folder   same F3
7. Ctrl + F             =  ………………………………………………
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
အင်တာနက်speed အဆ50% မြန်စေနည်း
ဒီဟာလေးကတော့ အရမ်းကိုလွယ်ပါတယ် ဆွဲစရာမလိုပဲနဲ့ မိမိကွန်ပျူတာကို အဆ၂၀မြန်စေမှာဖြစ်ပါတယ်
ကွန်ပျူတာအရင်ဖွင့်လိုက်ပါ ...ပြီးရင်အောက်ခြေနားလေးက
၁။ start >>> Run ကိုသွားပြီး gpedit.msc လို့ရိုက်ပါ။ ပြီးရင် Enter ကိုနှိပ်ပါ၊
၂။ Administrative Templates ကို နှိပ်ပါ။(မှတ်ချက်...နှစ်ခုရှိပါက တစ်ခုမဟုတ်တစ်ခုကိုနှိပ်၍ networkudနှိပ်ပြီး Qos packet scheduler
ရှိမှသာ မှန်ပါသည်နော်..)
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
Monday, July 30, 2012
Window ဘယ်တုန်းက တင်ခဲ့လဲ ဆိုတာကို ကြည့်ရအောင်
ဒီနည်းတော့ မသိသေးတဲ့ သူတွေအတွက်ပါ ။ ကိုယ့်ဝင်ဒိုးကို ဘယ်တုန်းက တင်ခဲ့လဲဆိုတာကိုပေါ့ဗျာ ။ လွယ်လွယ်လေးပါ ။ ကျန်တဲ့ အချက်အလက်လေးတွေလည်း ပါပါသေးတယ် ။ မိမိရဲ့ ကွန်ပျူတာ အကြောင်းကိုတော့ သိထားသင့်တာပေါ့ဗျာ ။ သူများ လာမေးရင် ပြောပြလို့တတ်အောင်ပေါ့ ။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ပူပင်သောကတို့ကို အကောင်းဆုံး ဖြေရှင်းနိုင်မည့် နည်းလေးသွယ်
ပူပင်သောကဆိုတာ လူတိုင်းမှာရှိ တတ်ပါတယ်။ ပူပင်သောက အနည်း အများပေါ်မူတည်ပြီး လူအများစုဟာ စိတ်ညစ်တာ၊ ပင်ပန်းတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုစိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုအထိ မဖြစ်စေဖို့ ပူပင်သောကတို့ ခံစားရတိုင်း ဖြေရှင်းပေးနိုင်မယ့် နည်းတွေကို ရေးသားလိုက် ရပါတယ်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
မေမေစားလိုက်ပြီ
ခြောက်နှစ်သားလေး တော်မီဟာ သူ့မှာ ညီလေး (သို့မဟုတ်) ညီမလေး မကြာခင်ရတော့မယ်လို့ သူ့ရဲ့ဆရာမကို အမြဲတမ်း ပြောပြနေတာ ရက်ပေါင်းတော်တော်ကြာနေပါပြီ။
တစ်နေ့တော့ သူ့အမေက တော်မီကို ဗိုက်ထဲကမမွေးသေးတဲ့ ကလေးလေးရဲ့လှုပ်ရှားမှုကို နားနဲ့ကပ်ပြီး နားထောင်ကြည့်ခိုင်း လိုက်ပါတယ်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
Window 7 မှာ ကွန်ပျူတာကို keyboard မသုံး mouse မသုံးပဲ microphone နဲ့ အိပ်နေရင်း ကွန်ပျူတာကို ကိုင်တွယ်အသုံးပြုနိုင်
window 7 မှာ ပါတဲ့ အထဲက ကျွန်တော်သဘောကျတဲ့ တစ်ချက်ကတော့ ကွန်ပျူတာကို microphone ကနေတစ်ဆင့် ပါးစပ်နဲ့ပြောပြီး ကိုင်တွယ်အသုံးပြုနိုင်ပါတယ် . အသုံးပြုနည်းကတော့ လွယ်ပါတယ် .
အသုံးပြုနည်း။
* (၁) start >> control panel >> Ease of Access ကို ရွေးလိုက်ပါ .
* (၂) speech recognition >> set up a microphone ကို နှိပ်လိုက်ပါ .
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ရဟန်း ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည် ၏ မင်္ဂလာ ရဟန်းခံ
ရဟန်း ဒါယိကာမကြီး ဒေါ်အောင်ဆန်းစုကြည် တပ်မတော် ဖခင်ကြီး၊ လွတ်လပ်ရေး
ဗိသုကာကြီးနှင့် အာဇာနည် ခေါင်းဆောင်ကြီး ဖြစ်သော ဖခင်ကြီး သခင်အောင်ဆန်းနှင့်
မိခင်ကြီး သီရိသုဓမ္မ ဒေါ်ခင်ကြည် တို့အားရည်စူး၍ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းရန် မဲပေးခဲ့သူများ၏ လက်မှတ်များ စုဆောင်း
ရန်ကုန်၊ ဇူလိုင် ၃၀
ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည် ရုတ်သိမ်းရန်အတွက်၂၀၁၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သူများ၏ လက်မှတ်များကို စုဆောင်းလျှက် ရှိရာ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ထိ လက်မှတ် ၂၀၀ ခန့် ရရှိပြီး ဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ်အနှံ့ လက်မှတ် စုဆောင်းရေး လုပ်ဆောင်မှုကို ဦးဆောင် ဆောင်ရွက်နေသူ ဦးမင်းအောင်က ပြောကြားသည်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ကောင်လေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူမျိုးက …
၁) ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေ ချိန်မှာ ကိုယ့်အတွက် တစုံတခုကို ဖန်ဆင်းပေးချင်သူ …
(ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို ဟိုးအဝေးကိုမောင်းထုတ်ပြစ်ပေးချင်သူ …အာလာဒင်သာဖြစ်ရင်ဆိုတဲ့ 
အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ…)[?]
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
နေ့စဉ်မာတိကာ
မင်းရဲ့ခွင့်ပြုချက်မပါဘဲ
မင်းကို ချစ်တဲ့အကြောင်း
ကဗျာတွေရေးမယ်……………………။
မင်းရဲ့တောင်းဆိုမှုတွေမပါဘဲ
ပေးဆပ်စရာတွေပေးဆပ်ကြည့်မယ်
မင်းရဲ့မလိုက်ရောမှုတွေကို မျက်ကွယ်ပြုပြီး
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ကောင်မလေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူဆိုတာ …
၁) မိုးသက်လေပြင်း ကျချိန် ချစ်သူ စိုမှာ စိုးလို့  အကာအကွယ်ပေးပြီး လိုက်မိုးပေး သူ...[?]
(လိုအပ်ရင် အကျီင်္လေးပါ ချွတ်ပေးလို့ ကာ မိုးပေးသူ…)
(ဘယ်လောက်ပဲ ဇောချွေးပူလို့ သူ့ မှာသောကတွေ များနေပါစေ သူ့ လက်တစ်စုံနဲ့ ကိုယ့် ကို အင်အားတွေပေးသူ)
(လိုအပ်ရင် ရင်ခွင်ထဲ ဆွဲပွေ့ ပေးထား တတ်သူ…)
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
Sunday, July 29, 2012
မိန်းကလေးတွေ သဘောကျမယ့် talky ဆယ်ခွန်း
ဆွဲဆောင်မှုရှိပြီး ချောမောလှပသော မိန်းကလေးတစ်ဦးနှင့် စတင်တွေ.ဆုံ စကားဖောင်ဖွဲ.ပါက မနောခွေ.သွားစေမည့်
အကောင်းဆုံး စကားကြီး (၁၀)ခွန်းကို ကမ္ဘာတစ်ဝန်းရှိ လူပေါင်း (၄၀၀) ကျော်အား မေးမြန်းထားပြီး ဗြိတိန်နိုင်ငံက စစ်တမ်းတစ်ခုကို
ထုတ်ပြန်ခဲ့သည် ။
တစ်စုံတစ်ယောက်နှင့် အထူးသဖြင့် မိန်းကလေးတစ်ယောက်နှင့် စကားပြောဆိုပါက ဟာသဥာဏ်ရှိခြင်းသည်သာ
အကောင်းဆုံး စွဲဆောင်နိုင်သော နည်းလမ်းဖြစ်ကြောင်း စစ်တမ်းတွင် ဖြေဆိုသူ ၅၀% ကျော်က ဖြေဆိုကြသည် ။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ကိုရီးယားမင်းသား မင်းသမီးလေးတွေလို အသားအရေလှအောင်…
ကိုရီးယား ဇာတ်ကားလေးတွေ ကြည့်ပြီးရင် ကိုရီးယား လူမျိုးတွေရဲ့ လှပတဲ့ အသားအရေကို အားကျကြရပါတယ်။ သူတို့ရဲ့ အသားအရေတွေက ဘာလို့အရမ်း လှနေရတာလဲ ?? ကိုရီးယားတွေ ဟာ အလှအပကို အရမ်းဦးစားပေး ကြပါတယ်။ မိတ်ကပ်တွေ၊ အသားအရေ ထိန်းသိမ်းတဲ့ဆေးတွေ၊
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ဖူးတွေ့ခွင့်ရတော့မည့် သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီးဓမ္မစေတီ
ဖူးတွေ့ခွင့်ရတော့မည့် သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီးဓမ္မစေတီ
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့်
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ဆေးလိပ်သောက်တတ်သူများ နံနက်စောစော မသောက်သင့်
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည် ဆိုခြင်းမှာ လူတိုင်းသိရှိ နားလည်ကြပြီး လက်ခံထားကြသည်။ ဆေးလိပ်ကို မသောက်ရ မနေနိုင်၍ ဆေးလိပ် သောက်ပါက နံနက်စောစော ဆေး လိပ်သောက်ခြင်းမှာ ပို၍အန္တရာယ် ရှိသည်ဟု ဆိုပါသည်။ ဆေးလိပ်၊ စီးကရက်ကြိုက်တတ် သူများသည် အိပ်ရာမှ နိုးလျှင်ပင် မီးခြစ်နှင့် ဆေးလိပ်ကို ဦးစွာရှာတတ်လေ့ ရှိကြသည်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ღ•♫♪မိန်းကလေးတွေစိတ်လှုပ်ရှားစေသောစကားများ (ကောင်ကလေးတွေအတွက်)ღ•♫♪
(ကောင်ကလေးတွေအတွက်)♫♪
၁။ ငါ နင့်ကို ဒီလောက်ချစ်တာ....နင် ငါ့ကို နည်းနည်းပြန်ချစ်ရင် ငါသေပျော်ပါပြီဟာ....
၂။ နင် ထမင်းမချက်တတ်ဘူးဆိုလဲ ငါ့ဘေးနားမှာနေပြီး...ငါချက်တဲ့ ထမင်းကို နှစ်ယောက်အတူတူစားကြမယ်လေ....
၃။ ဒီကမ္ဘာမှာ နင့်မိဘတွေ ပြီးရင် နင့်ကို ငါ့လောက် ချစ်တာ ဘယ်သူရှိလဲ.......
၎။ နင်ကလဲ ရိုးလိုက်တာ...နောက်ဆို ဘာပဲဖြစ်ဖြစ် ..ငါ့နောက်မှာပဲ နေနော်... သိရဲ့လား....
၅။ နင့်ရဲ့နာမည်က ငါ့နှလုံးသားထဲမှာ ရေးထွင်းပြီးသားပါဟာ...တခြားကောင်မလေးတွေကို
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ကြောက်တာပေါ့အမေရ
တစ်ခါက ခွဲစိတ်ခန်းကနေ လူနာတစ်ယောက် ထွက်ပြေးလာတာကို
အပြင်မှာရှိတဲ့လူနာရှင်အမေက မေးတယ်.....
အမေ။ ။သားခွဲစိတ်လို့ မပြီးသေးဘဲနဲ့ ဘာလို့ ထွက်လာတာလဲ...
သား။ ။မကြောက်ပါနဲ့ ခွဲစိတ်မှုအောင်မြင်မှာပါလို့ ပြောလို့အမေရ
အမေ။ ။သြော်သားကလည်း ဒါကအားပေးစကားလေ ကြောက်ပြီးထွက်ပြေးစရာမလိုပါဘူး...
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ကွန်ကရစ်လမ်းခင်းခ တစ်ပေ တစ်သောင်းကျပ်
နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာ လူကြီးမင်းများ သိစေရန် အသိပေးအပ်ပါသည်။
ကျွန်တော်တို့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်း၌
ကွန်ကရစ်လမ်း ခင်းနေပါသည်။
ထိုသို့ခင်းရာ၌ လမ်းဘယ်ညာနှစ် ဘက်ရှိအိမ်များကို လမ်းခင်းခ ၁ပေလျှင် ၁၀၀၀၀/ကျပ် တောင်းခံပါသည်။ ခြံမျက်နှာစာပို ကျယ်သူများ ပိုကုန်ကျပါသည်။
မတတ်နိုင်၍ မပေးနိုင်ဟု ပြောသော်လည်း တာဝန်ရှိသူ များကမပေး မနေရဟု ဆိုပါသည်။
ထို့ကြောင့်ကျွန်တော်တို့လို ဆင်းရဲသား မတတ် နိုင်သူများ အတွက်ဆောင်ရွက်ပေးစေ လိုကြောင်း သမ္မတကြီးနှင့် သက်ဆိုင်ရာလူကြီးမင်းများ သိစေရန် မေတ္တာရပ်ခံအပ်ပါသည်။
ငါးသိုင်းချောင်းမှ ပြည်သူတစ်ဦး
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ချင်းပြည်နယ် ဟားခါးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်
မန္တလေး၊ဇူလိုင်-၂၉
ယနေ့ မြန်မာစံတော်ချိန် ၈နာရီ ၅၁မိနစ် ၃၀ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ
အနောက်မြောက်ဘက် ၁၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟားခါးမြို့၏
အရှေ့တောင်ဘက် ၁၄မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ချတာစကေး ၅.၈
အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခုလှူပ်ရှားသွားကြောင်း
တိုင်းတာရရှိသည်ဟု မန္တလေးမြို့ရှိ မိုးလေ၀သမှတ်တမ်းနှင့် မြေငလျင်ဌာနမှ
သတင်းထုတ်ပြန်သည်။
ယင်းငလျင်လှုပ်ခတ်မှုအား မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ
လည်း ခံစားသိရှိလိုက်ကြသည်ဟု သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း တစ်မြို့လုံး လှုပ်ခတ်မှုရှိခဲ့
ကြောင်းနှင့် လှုပ်ခတ်ချိန်မှာ အနည်းငယ်သာကြာမြင့်သည်ဟု ဟားခါးမြို့မှ
ဒေသခံတစ်ဦးကပြောသည်။
“ခေါင်းမူးတယ်ထင်နေတာ. နှစ်ချက်လောက်လှူပ်သွားတယ်။
မုံရွာမှာလည်း လှူပ်တယ်ကြားတယ်။”ဟု မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးက
ပြောသည်။
7Day News Journal
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
iphone/ipad ပျောက်ရင်၊အခိုးခံရရင်။
phone/ipad/ipod ပျောက်ရင်၊အခိုးခံရရင် စိတ်မပှုပါနဲ့  ကျွန်တော်တို့ ကြည့်နေကျ  James Bond (007) movie ထဲ ကလိုမျိုး ရန်သူဘယ်ရောက်နေပြီးလဲဆိုတာကို James Bond (007) က ပစ္စည်းလေးတခု ထည့်ပေး လိုက်တာနဲ့  မြေပုံမှာ ပြသလိုဘဲ။ အခုကျွန်တော်တို့ရဲ့ Iphone/ipad, Ipod မှာ ရပါပြီး မနေ့ကဘဲ သူငယ်ချင်းတစ်ယောက်က သူရဲ့ Iphone 4s ကို shopping centre မှာ ပျောက်သွားတာ နဲ့ ကျွန်တော်ကို ဖုန်းဆက်တယ် ဒါနဲ့ဘဲ ကျွန်တော်လဲ သူ့ရဲ့  Iphone မှာ သုံးတဲ့  Apple ID and password ကို
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
G talk မှာ add မေးချင်တာမေး ..
အဟဲ .. ပြောတာတော့နည်းနည်းလွန်းသွားမလားမသိ.. G talk မှာ webtoim@gmail.com ကို add ထားလိုက်ပါ .. ဒီကောင်က တာဝန်တော့ကျေပါတယ် ..တခြား ဘာသာပြန်တွေလိုပဲ တခါတည်း အွန်လိုင်း ကိုတက်ပြီးတော့ မီးလေးစိမ်းလာပါတယ်..အဲဒီ့အခါကျရင် မေးချင်ရာ မေးကြည့်ပါဦး .. အပျော်သဘောပဲဖြစ်ဖြစ် ပေါ့.. သူလဲ တတ်နိုင်သလောက်ဖြေပေးပါတယ်..ဒါပေမယ့် တခြားနိုင်ငံတွေရဲ့ အချိန်တွေဘာတွေကို မေးရင်တော့ မှန်ပါတယ် .. အတိအကျ ပါပဲ .. လူနာမည်တွေဘာတွေ လည်း မေးကြည့်ရင်မေးလို့ရပါတယ် ... မေးကြည့်ကြရအောင်ပါ ..အောက်က address နော် ..
webtoim@gmail.com
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ကားမှားစီးမိပြီ
ညနက်ပိုင်းအချိန်မှာ အရက်မူးနေတဲ့ လူတစ်ယောက်ဟာ ဘတ်စ် ကားပေါ် သိုင်းကွက်နင်းကာ တက်လာပြီး အသက်ခပ်ကြီးကြီး အမျိုးသမီးဘေးက ခုံလွတ်မှာ ၀င်ထိုင်လိုက်ပါတယ်။
အမျိုးသမီးကြီးက အရက်မူးနေတဲ့ အမျိုးသားကို ခြေဆုံးခေါင်းဆုံးကြည့် လိုက်ပြီး "မင်းတော့ ငရဲကို တန်းတန်းကို တန်းတန်းကြီးသွား နေတာပဲ"လို့ ပြောလိုက်ပါတယ်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
Lock folder without software
Folder များကို လော့ချချင်တဲ့ အခါ ဆော့ဝဲ လေးတွေကို
အသုံးပြုကြရပါတယ်... အခုဟာလေးကတော့ ဆော့ဝဲမပါဘဲ Folder
လော့ချတဲ့ နည်းလေးပါ... ကဲကလိကြည့်လိုက်ကြရအောင်...
1. Folder လေးတစ်ခုကို မိမိနှစ်သက်အမည်နဲ့ ဆောက်လိုက်ပါ။
2.ကျွန်တော်ပေးထားသောစာသို.ပြန်သွားပါ။
3.အောက်မှာပေးထားပါတယ်။Select ပေးပြီCopy လုပ်ပါ။
4.Start>>Run>>ထဲမှာ Notepad ရိုက်ပြီး Enter ခေါက်ပါ။
5.Notepad ပွင့်လာပါက Copy ဆွဲလာသောစာများကို Paste ပါ။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
Saturday, July 28, 2012
System 32 BIT / 64BIT ဆိုတာဟာ???
CPU ဆိုတာနဲ့ အကြမ်းအားဖြင့်databus(dataတွေကိုသယ်နိုင်တဲ့လမ်းကြောင်း)နဲ့ width (ဒေတာကိုသယ်နိုင်တဲ့ လမ်းကြောင်းရဲ့ ပမာဏ) တို့နဲ့တိုင်းတာပါတယ်။ ထို data bus မှာလဲ Intertnal data bus နဲ့ external data bus ဆိုပြီးနှစ်မျိုးရှိပါတယ်..internal data bus ရဲ့ တစ်ကြိမ်မှာ သယ်နိုင်တဲ့နှုန်းကို bit နဲ့တိုင်းတာပါတယ်။ 32 bit ထက်စာရင် 64bit က ပိုမြန်မှာ ပါ။တစ်ခါ external data bus ကိုတော့ အများသိတဲ့အတိုင်း front sidebusလို့ခေါ် ပါတယ်။ ယနေ့အသုံးပြုနေတဲ့ကွန်ပျူတာတိုင်းကexternal databus ကို 64 bit နဲ့အလုပ်လုပ်ပါတယ်။ တစ်နည်းအားဖြင့် prosser နဲ့ memory chpiset ( north gate) တွေဟာ data တွေကို အပြန် အလှန် 64
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
အသည်းကွဲလျှင် ကုသနည်းများ
ယခုခေတ်မှာ အသည်းကွဲတဲ့ရောဂါတွေ တော်တော်များမယ်လို့ ထင်ပါတယ်.. ဘာလို့လဲဆိုတော့ အပြင်မှာ တွေ့ပြီး ချစ်ကြိုက်ကြသလို အွန်လိုင်းတွေပေါ်ကနေလည်း ချစ်ကြိုက်နေရတာကို တွေ့နေရပါတယ်.. အဲဒီတော့ အသည်းကွဲတဲ့အခါ ဘယ်လိုနေရမလဲ.. ဘယ်လိုနေရင် ရောဂါသက်သာမလဲ ဆိုတာကို အကြံပြုချင်ပါတယ်... အသည်းကွဲသောအခါ မလုပ်သင့်သောအရာ(၁၀)ချက် 1. အသည်းကွဲသောသီချင်းတွေနားမထောင်ပါနဲ့ 2.သူ့နဲ့ပတ်သတ်တဲ့အရာတွေခေါင်းထဲကိုရောက်လာတာနဲ့ ချက်ချင်းဖယ်ပစ်လိုက်ပါ 3.
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
Firefox ကိုပိုပြီးမြန်ဆန်လာအောင်လုပ်ကြည့်၇အောင်
အောက်မှာပြောပြထားတဲ့အတိုင်းလိုက်လုပ်ကြည့်လိုက်ကြ၇အောင်နော်.....
  • အ၇င်ဆုံးကျွန်တော်တို့အသုံးပြုနေတဲ့ Firefox ၇ဲ့ Address bar မှာ about:config  လို့၇ိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
  • I'll be careful, I promise! ဆိုပြီးပေါ်လာပါလိမ့်မယ်။ အဲ့ဒီကောင်လေးကိုကလစ်ပေးလိုက်ပါ။ သူ၇ဲ့browserလေးပေါ်လာပါလိမ့်မယ်။ကီးဘုတ်မှ Ctrl + F ကိုနှိပ်လိုက်ပါ။အပေါ်မှာ Search box လေးပေါ်လာပါလိမ့်မယ်။အဲ့ဒီ Search Box လေးထဲမှာကျွန်တော်အောက်မှာ ပေးထားတာလေး တွေကိုထည့်ပြီး၇ှာလိုက်ယုံပါပဲ။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
စက်ဘီးစီးမယ်ဆိုရင်
စက်ဘီးစီးတဲ့ လေ့ကျင့်ခန်း ပြုလုပ်ချင်တယ်ဆိုရင်တော့ အရင်ဆုံး စက်ဘီးစီးတတ်ဖို့ လိုပါတယ်။ စက်ဘီးစီးတက်ပြီးသားလို့ ယူဆပြီး စက်ဘီး စီးခြင်းဆိုင်ရာ နည်းပြ အိန်ဂျဲလ်လင်းက အောက်ပါအကြံဥာဏ်တွေကို ဖော်ပြပေးထားပါတယ်။
လိုအပ်သော အသုံးအဆောင်များ
၁။ စက်ဘီး
စက်ဘီးဟာ အလေးချိန်ပေါ့ပါးပြီး သက်သောင့်သက်သာ စီးနင်းနိုင်မယ့် ခပ်ကျယ်ကျယ်တာယာမျိုး ပါရှိသင့်ပါတယ်။
၂။ ဦးထုပ်
စက်ဘီးစီးသူအတွက် သင့်တော်တဲ့ ဦးထုပ်မျိုးဟာ မျက်ခုံးအထက်နေရာအထိ လုံတဲ့ ဆိုင်ကယ်စီး ဦးထုပ်မျိုးဖြစ်သင့်ပါတယ်။ မေးသိုင်းကြိုးကို ခိုင်ခံ့အောင် ချည်နှောင်နိုင်ရပါမယ်။
၃။ ဝတ်စုံ
အင်္ကျီဟာ ပေါ့ပါးပြီး သက်သောင့်သက်သာရှိမယ့် ချည်သားမျိုး ဖြစ်သင့်ပါတယ်။ ထိုင်ခုံပေါ်ထိုင်တဲ့အခါ အိတ်တွေနဲ့ ရှုပ်ထွေးတဲ့ဘောင်းဘီမျိုး ရှောင်ပါ။ တခြားလိုအပ်တာတွေကတော့ အားကစားစီး ရှူးဖိနပ်နဲ့ ခြေအိတ်ပဲ ဖြစ်ပါတယ်။
သွေးပူလေ့ကျင့်ခန်း
စက်ဘီးမစီးခင် ခြေထောက်ကို ရှေ့၊ နောက်လွှဲယမ်းခြင်း၊ ဘေးတိုက်လွှဲယမ်းခြင်း၊ ပခုံးကို မြှင့်လိုက်၊ နိမ့်လိုက် ပြုလုပ်ခြင်းနဲ့ စက်ဘီးနှေးနှေး စီးခြင်းဆိုတဲ့ သွေးပူလေ့ကျင့်ခန်းကို ၁၀ မိနစ်ခန့် ပြုလုပ်ပေးပါ။
စက်ဘီးစတင်စီးသူများအတွက် လမ်းညွှန်ချက်
တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်သာ စက်ဘီး စတင်စီးပါ။ စတင်စီးခါစမှာ လူအသွားအလာရှင်းပြီး ပြန့်ပြူးတဲ့ မြေပြင်ပေါ်မှာ စီးပါ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှသာ လမ်းပေါ်မှာ စက်ဘီးစီးသင့်ပါတယ်။ လမ်းစည်းကမ်းနဲ့ ကျင့်ဝတ်တွေကို သိမှသာ လူသွား၊ ယာဉ်သွားတဲ့လမ်းမှာ စက်ဘီးစီးပါ။
စက်ဘီးစီးနိုင်တဲ့ ကြာချိန်က လူတစ်ဦးချင်းစီအလိုက် အပြောင်းအလဲ ရှိပါတယ်။ စတင်စီးခါစမှာ သက်လုံမကောင်းသေးဘဲနဲ့ ခရီးဝေးကို မစီးသင့်ပါဘူး။ သက်လုံကောင်းပြီး စက်ဘီးကို ကောင်းကောင်း ထိန်းချုပ်နိုင်မှသာ တာဝေးခရီးကို စီးသင့်ပါတယ်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ချင်းတွင်းမြစ်အတွင်း ရေယာဉ်သွားလာမှု ဇူလိုင် ၂၈ ရက်မှ စတင်ရပ်နား
မုံရွာ၊ ဇူလိုင် - ၂၈
မြစ်ရေကြီးလာသည့်အတွက် ချင်းတွင်းမြစ်အတွင်း သွားလာသော ခရီးသည်နှင့် ကုန်တင်ရေယာဉ်များအားလုံး ဇူလိုင် ၂၈ရက်(ယနေ့)မှစ၍ စိုးရိမ်ရေအမှတ်အောက် ရောက်သည်အထိ သွားလာခွင့် ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သက်ဆိုင်ရာက ဇူလိုင် ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။
``ဧရာဝတီမြစ်ရေတက်ချိန် ဗန်းမော်မြို့အနီးမှာ ရှော်တယ်မှောက်လို့ လူသေတယ်ဆိုတဲ့ သတင်းတွေထွက်ကတည်းက ရေယာဉ်တွေ သွားလာခွင့်ပိတ်ချင်နေတာ။ အခု ချင်းတွင်းမြစ်ထဲမှာလည်း ကုန်တင်ရေယာဉ်နှစ်စီးက မှောက်တယ်ဆိုတော့ ဇူလိုင် ၂၈ ရက်ကစပြီး ခရီးသည်တင်ရော ကုန်တင်ရေယာဉ်တွေပါအားလုံး သွားလာခွင့် ရပ်နားတယ်။ အရင်နှစ်တုန်းကလည်း ရေတက်ချိန် နှစ်ခါတောင် ရေယာဉ်တွေ သွားလာခွင့် နားခဲ့ဖူးတယ်´´ဟု ချင်းတွင်းရေကြောင်း ခရီးသည်တင်ရေယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မြစ်ရေကြီးလာပါက ယခင်နှစ်များကလည်း အလားတူ ရေယာဉ်သွားလာမှု ရပ်နားလေ့ရှိသည်။
ဇူလိုင် ၂၅ ရက် ညနေပိုင်းတွင် ရွှေပလ္လင်တောင်ခြေရှိ ရွှေပလ္လင်ဝဲတွင် မြသန္တာရေယာဉ် နစ်မြုပ်ခဲ့သည်။ သယ်ဆောင်လာသော ကုန်ပစ္စည်းဆုံးရှုံးသော်လည်း လူသေဆုံးမှု မရှိပေ။ ဇူလိုင် ၂၆ရက်တွင် ခေါင်ဦးကျေးရွာအနီး ကုန်တင်ယာဉ်တစ်စီး နစ်မြုပ်ခဲ့သည်။
ချင်းတွင်းမြစ်အတွင်း ခရီးသည်တင်ရေယာဉ်အသင်း သုံးသင်းမှ ရေယာဉ် ၆၀၊ ကုန်တင်ရေယာဉ်အသင်း ၁၉ သင်းမှ ရေယာဉ် ၁၀၀ ခန့် ပြေးဆွဲလျက်ရှိသည်။ ယခုနှစ် ဇူလိုင်လကုန်ရက်ပိုင်းအတွင်း မိုးရာသီ ရေများချိန်ဖြစ်သည့်အပြင် မြစ်ရေမြင့်တက်လာခြင်း၊ မိုးသက် လေပြင်းများ တိုက်ခတ်ခြင်း၊ ရေ၀ဲများ ပြင်းထန်ကြီးမားခြင်းတို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာမြို့နှင့် အခြားဆိပ်ကမ်းမြို့များရှိ ခရီးသည်တင်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ ပြေးဆွဲမှုနှင့်ပတ်သက်၍ ယခုနှစ် ဇူလိုင် ၂၆ ရက် နံနက် ၉နာရီအချိန်တွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံး၌ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (ဆိပ်ကမ်းလုံခြုံရေး)၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနနှင့် ခရီးသည်တင် အမြန်ရေယာဉ်အသင်း၊ ကုန်တင်ရေယာဉ်အသင်း တာဝန်ရှိသူများအားလုံး တွေ့ဆုံသောအစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်များအရ ခရီးသည်များ အသက်အန္တရာယ်လုံခြုံစေရန်၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဆိပ်ကမ်းတွင် ရပ်နားထားသော ရေယာဉ်များအားလုံး ဇူလိုင်လ ၂၈ ရက်မှစ၍ စိုးရိမ်ရေအမှတ်အောက် ရောက်ရှိချိန်အထိ ခေတ္တရပ်နားထားရမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သက်ဆိုင်ရာရေယာဉ်တာဝန်ခံများသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
7Day News Journal
ဓာတ်ပုံ - မျိုးမင်းဦး
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
Gtalk Eng2myn Dictionary
ကျွန်တော် တို့အရင်တုန်းက သုံးနေတဲ့ En2mm တွေကို အလုပ်မလုပ် တော့ပါဘူး .. ဒီကောင်လေးကတော့ အသစ်လေးပါ .. ညီလေးတစ်ယောက် သုံးနေတာ တွေ့လို့ စမ်းသုံးကြည့်တာ အဆင်ပြေတာနဲ့ မသိသေးတဲ့ သူတွေရှိရင်လည်း အဆင်ပြေအောင် ပြန်ရှယ်ပေးလိုက်ပါတယ် .. သုံးချင်တဲ့ သူများကတော့ eng2myn@gmail.com ကိုသာအပ်ထားလိုက်ပါ ..
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
Gtalk ကောင့်တစ်ခုထက်ပိုသုံးခြင်းသူများအတွက်
Gtalk မှတောင်းဆိုထားလိုတင်ပေးလိုက်တာပါ။မသိသေးတဲ့သူများအတွက်ရည်ရွယ်ပါတယ်။
gtalk shortcut ကို right click နိုပ်လိုက်ပါ။ပြီး၇င် properties ကိုသွားလိုက်ပါ ။
ပြီးရင် shortcut နေရာကိုသွားလိုက်ပါ target နေရာက startmenu ဆိုတဲ့စာသားကိုဖျက်ပြီး nomutex ဆိုတဲ့စာသားကိုထည့်လိုက်ပါ။ပြီးရင် Apply / Ok
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေမည့် သတင်းမှားများ ထုတ်ပြန်ခြင်း မပြုရန် မေတ္တာရပ်ခံ
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ရာ သတင်းထောက်များ အနေဖြင့် ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားစေမည့် သတင်းမှားများ ထုတ်ပြန်ခြင်း မပြုကြရန် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ရခိုင်ပြည်နယ် ရှေ့နေချုပ် ဦးလှသိန်းက ပြောကြားခဲ့သည်။ ယခင်အပတ်ထုတ် ဂျာနယ်တစ်စောင်တွင် ဂျီတီစီကျောင်းသားများ တိုက်ခိုက်ခံရ ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ခြင်းမှာ ဖြစ်ရပ်မှန်နှင့် လုံးဝကွဲလွဲပြီး မသိသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု မရှိသေးကြောင်း အထင်မှားစရာဖြစ်သလို တစ်ဖက်နှင့်တစ်ဖက် ရန်လိုမုန်းတီးမှုများ ပြန်လည်ဖြစ်ပွားစေနိုင်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားနိုင်သည်အထိ ဖြစ်သွားနိုင်ကြောင်း၊ ဖြစ်ရပ်မှန်မှာ ဂျီတီစီကျောင်းတွင် တာဝန်ကျနေသည့် လုံခြုံရေးဝန်ထမ်းများနှင့် အရပ်သားများအကြား အထင်လွဲမှား ဖြစ်ပွားမှုသာ ဖြစ်ကြောင်း၊ ကျောင်းသားများနှင့် အရပ်သားများ မည်သူမျှ သက်ဆိုင်မှုမရှိကြောင်း၊ ထို့ကြောင့် ဂျီတီစီကျောင်းမှာလည်း ပုံမှန်ဖွင့်လှစ်သင်ကြားကာ ကျောင်းသားများ တက်ရောက် ပညာသင်ကြားနေကြကြောင်း ပြောကြားခဲ့သည်။ ထို့အတူ စစ်တွေတက္ကသိုလ်ကိုလည်း မကြာမီ ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ် ကျောင်းသားအချို့ ကျောင်းတက်ရောက်နိုင်ရန် အခက်အခဲရှိပါက ၄င်းတို့အား အဝေးသင်တက္ကသိုလ်သို့ ပြောင်းလဲသင်ကြားပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အရေးအခင်းများ ဖြစ်ပွားခဲ့ရာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေမြို့နယ်များရှိ အခြေခံပညာသင် ကျောင်းများအားလည်း ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း အဖွဲ့ခေါင်းဆောင်မှ ရှင်းလင်းပြောကြားခဲ့သည်။ သတင်းမှားများ ထုတ်ပြန်ခြင်းအတွက် ဒေသတည်ငြိမ်ရေးကို ထိခိုက်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုခံရနိုင်မည် ဖြစ်ကြောင်းလည်း အသိပေးရှင်းလင်း ပြောကြားခဲ့ပြီး ယခုအချိန်အထိ အရေးယူခြင်း မရှိသေးသော်လည်း သတင်းမှား ဖော်ပြခြင်းအတွက် အမှားပြင်ဆင်ချက်နှင့် မှားယွင်းကြောင်း တောင်းပန်စာများကိုသာ ထည့်ရန် သတိပေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒေသခံ သတင်းထောက်တစ်ဦးက “ဂျာနယ်အချို့မှာ ဒေသခံ သတင်းထောက်တွေ ထားရှိပါတယ်။ တချို့လည်း အလွတ်တန်း သတင်း ရေးနေသူတွေ ရှိပါတယ်။ ဒေသသတင်းများကို ရေးသားမယ်ဆိုရင် ဒေသခံ သတင်းထောက်တွေဆီက ပြန်လည်စုံစမ်းသင့်ပါတယ်။ အရပ်သတင်း၊ အရပ်စကားကြားရုံနှင့် ရန်ကုန်တိုက်ကနေပြီး တိုက်ပိုင်သတင်းထောက်တွေက အမှားရေးတော့ ဒေသခံသတင်းထောက်တွေအပေါ် အထင်သေးမှုတွေ ဖြစ်ပေါ်ပြီး ဌာနတွေနှင့် ဆက်ဆံရာမှာ အဖုအထစ်များ ဖြစ်ပေါ်စေနိုင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံ CRI အသံလွှင့်ဌာနတို့ ပူးပေါင်း၍ မြန်မာကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပမည်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ CRI အသံလွှင့်ဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာကဗျာ ရွတ်ဆိုပြိုင်ပွဲကို ကျင်းပသွားမည် ဖြစ်သည်။ ပြိုင်ပွဲဝင်များအနေဖြင့် အသက်အရွယ်နှင့် ပညာအရည်အချင်း ကန့်သတ်ချက် မရှိ၊ ကဗျာခေါင်းစဉ် သတ်မှတ်ထားခြင်းမရှိ၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုကို ဖော်ညွှန်းရမည်ဖြစ်ပြီး နှစ်နိုင်ငံ သဘာဝအလှအပများနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ရေးဖွဲ့စပ်ဆိုနိုင်သည်။ ကဗျာကို မြန်မာဘာသာဖြင့် ရေးဖွဲ့ရမည်ဖြစ်ပြီး သဒ္ဒါနှင့် စပ်ထုံးစပ်နည်း မှန်ကန်စွာ ရေးဖွဲ့ရမည်။ စာလုံးရေ ကန့်သတ်ချက် မရှိဘဲ အခြားနိုင်ငံများကို ထိခိုက်စေသော၊ နိုင်ငံရေးဆန်သည့် အရေးအသားများ မရှိစေရပါ။ ပြိုင်ပွဲဝင်သူများသည် ကလောင်အမည်၊ ကိုယ်ရေးအကျဉ်း၊ ပတ်စ်ပို့ဓာတ်ပုံ နှစ်ပုံ ပေးပို့ရမည်ဖြစ်ပြီး ကွန်ပျူတာဖြင့်ဖြစ်စေ၊ လက်ရေးဖြင့်ဖြစ်စေ စာတစ်မျက်နှာတည်းတွင် သပ်ရပ်စွာ ရေးသား၍ မူရင်းနှင့် မိတ္တူ စာမူ နှစ်စောင်၊ ကိုယ်တိုင်ရေးသားသော စာမူဖြစ်ကြောင်း ကတိဝန်ခံချက်၊ ဆက်သွယ်ရန် လိပ်စာအပြည့်အစုံ ဖော်ပြလျက် မြန်မာကဗျာ ရွတ်ဆိုပြိုင်ပွဲ ကျင်းပရေး ကော်မတီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေပြည်တော် (တပ်ကုန်း) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရန်ကုန်(ပြည်လမ်း) သို့လည်းကောင်း Myanmar@cri.cn သို့ E-Mail ဖြင့် လည်းကောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက် နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်သည်။ ပဏမရွေးချယ်ခံရသော ကဗျာများကို ကြေညာပေးသွားမည်ဖြစ်ပြီး ရွေးချယ်ထားသော ကဗျာများ ရွတ်ဆိုပြိုင်ပွဲကို နိုဝင်ဘာလကုန်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။ ပြိုင်ပွဲတွင် အထူးဆု နှစ်ဦး (တရုတ်ပြည် အလည်အပတ်ခရီး)၊ ပထမဆုတစ်ဦး၊ ဒုတိယဆုသုံးဦး၊ တတိယဆုငါးဦးနှင့် ကဗျာလက်ရာ ကောင်းဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိလိုပါက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နေပြည်တော် ဖုန်း-၀၆၇-၇၉၄၇၅ နှင့် ၀၆၇-၇၉၃၇၄ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ
Friday, July 27, 2012
နိုင်ငံတကာ လေကြောင်းလိုင်းသစ် ငါးလိုင်း အောက်တိုဘာတွင် စတင်ပျံသန်းမည်...
မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းနိုင်ရန် တင်ပြထားသည့် နိုင်ငံတကာလေကြောင်း လိုင်းသစ်များကို အောက်တိုဘာလမှ စတင်ကာ ပျံသန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ အဆိုပါ လေကြောင်းလိုင်းများမှာ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်နှင့် ကာတာနိုင်ငံ လေကြောင်းလိုင်းများဖြစ်ကြောင်း သိရသည်။ “လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကို လျှောက်ထားတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို စိစစ်ပြီး ခွင့်ပြုပေးလိုက်ပါပြီ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ရိုက်ပျံသန်းမည့် လေကြောင်းလိုင်းမှာ တရုတ်(တိုင်ပေ) အခြေစိုက် EVA Air Line လေကြောင်းလိုင်း၊ ကိုရီးယားလေကြောင်း (KAL)၊ ဂျပန်လေကြောင်းလိုင်းဖြစ်သည့် All Nippon Air Line လေကြောင်းလိုင်း၊ ကာတာလေကြောင်းလိုင်း ဖြစ်သည့် Quatar လေကြောင်းလိုင်း၊ ဟောင်ကောင်အခြေစိုက် Dragon Air Line လေကြောင်းလိုင်းများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းများ အနေဖြင့် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှ စတင်ကာ ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ “အခုလက်ရှိမှာ စင်ကာပူအဲလိုင်းက ရန်ကုန်နဲ့ တိုက်ရိုက်ပျံသန်းဖို့အတွက် စုံစမ်းမေးမြန်းနေပါတယ်” ဟု ယင်းက ဆက်ပြောသည်။ ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းမည့် တရုတ်(တိုင်ပေ) လေကြောင်းလိုင်းမှာ တစ်ပတ်လျှင် သုံးရက် ပျံသန်းပေးမည်ဖြစ်ပြီး ကိုရီးယားလေကြောင်းလိုင်းမှာ ရန်ကုန်နှင့် ကိုရီးယား(အင်ချွန်း) တိုက်ရိုက်ပျံသန်းမည်ဖြစ်သည်။ “အရင်တုန်းက ဟောင်ကောင် Express လေကြောင်းလိုင်းက ၂၀၀၈ ခုနှစ်မှာ တိုက်ရိုက်ပျံသန်းခဲ့သေးတယ်။ အခုပျံသန်းမယ့် ဟောင်ကောင်လေကြောင်းလိုင်းကတော့ လောလောဆယ် ညပိုင်းမှာ ပျံသန်းဖို့များတယ်” ဟု ယင်းက ဆိုသည်။ အလားတူ ဂျပန်နိုင်ငံလေကြောင်းလိုင်း ဖြစ်သည့် All Nippon Air Line မှ ရန်ကုန်နှင့် ဂျပန်(နာတာလီ) လေဆိပ်ကို တိုက်ရိုက်ပျံသန်းမည်ဖြစ်ပြီး ကာတာလေကြောင်းလိုင်းမှ ရန်ကုန်-ကာတာ (ဒိုဟာ)ကို တိုက်ရိုက် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဂျာမနီနိုင်ငံမှ လေကြောင်းလိုင်းများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လေကြောင်းလိုင်းများမှလည်း ရန်ကုန်နှင့် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အဆိုပြုလွှာ တင်သွင်းထားကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းလျက်ရှိသည့် နိုင်ငံတကာ လေကြောင်းလိုင်း ၁၄ လိုင်းရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
uptodate သတင်းများ
နောက်ဆုံးရသတင်းများ