Wednesday, August 8, 2012

မမှတ်မိတော့ဘူး

အသက် (၈၀) အရွယ်အဘိုးကြီးက ဂေါက်ကစားနေတယ်။ ခက်တာက သူမျက်စိမကောင်းတော့ဘူး။
ဂေါက်သီးကို ထိအောင်ရိုက်နိုင်ပေမယ့် အဲဒီဂေါက်သီး ဘယ်ကိုကျသွားတယ်ဆိုတာ သူမမြင်ရဘူး။
အဲ့ဒါကြောင့် သူ့ဆရာဝန်က သူ့အတွက် ဂေါက်သီးရောက်ရာ ကြည့်ပေးနိုင်မယ့် အဖော်တစ်ဦးကို ရှာပေးပါတယ်။

အဲဒီအဖော်က အသက်(၉၀)ရှိပါပြီ။ ဒါပေမယ့် မျက်စိကတော့ အံ့အားသင့်စရာကို ကောင်းနေတုန်းပါ။
အဲဒီလိုနဲ့ ဂေါက်သီး စကစားပါတယ်။ အဘိုးကြီးက ဂေါက်သီးကိုလွှဲရိုက်လိုက်တယ်။ ပြီးတော့ သူ့အဖော်ကိုမေးတယ်။
‘ ဂေါက်သီး ဘယ်မှာကျသွားသလဲ ’ အဖော်အဘိုးကြီးက ပြန်ဖြေပါတယ်။ ‘ ကျုပ်မမှတ်မိတော့ဘူးဗျာ’

0 comments:

လိုအပ်ချက်တွေရေးခဲ့ပေးပါ

uptodate သတင်းများ

နောက်ဆုံးရသတင်းများ