Wednesday, August 8, 2012

ချောကလက် စားဖူးသလား

ဆေးထိုးခံရမှာကြောက်၍ မိခင်အား ဖက်တွယ်ထားသည့် ကလေးငယ်ကို ဆရာဝန်ကြီးက ချော့မော့စဉ် -
“သားသားကို ဆေးထိုးပြီးရင် ဘဘမုန့်တွေ အများကြီးကျွေးမယ်။ ဘာမုန့်ကြိုက်သလဲ ပြော”
“ချောကလက်”
“ဟုတ်ပြီ.. သားကြိုက်တဲ့ ချောကလက်က ဘာအရောင်ရှိလဲကွ”
“အညိုရောင်”
“နောက်ပြီး အရသာ ဘယ်လိုနေလဲ”
ထိုအခါ သားက မိခင်ဖြစ်သူကို ပြောလိုက်သည့်စကားကြောင့် ဆရာဝန်ကြီးခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
“မေမေ ဘဘဆရာဝန်ကြီးက ချောကလက်တစ်ခါမှ မစားဖူးဘူးနဲ့ တူတယ်”

0 comments:

လိုအပ်ချက်တွေရေးခဲ့ပေးပါ

uptodate သတင်းများ

နောက်ဆုံးရသတင်းများ