ဖူးတွေ့ခွင့်ရတော့မည့် သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီးဓမ္မစေတီ

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့်
သမိုင်းတန်ဖိုး အလွန်ကြီးမား လှသောဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို စင်္ကာပူနိုင်ငံမှ S.D markInternational LLP ကုမ္ပဏီတစ်ခုမှ အမေရိကန် ဒေါ်လာငွေ(၁၀)သန်း အကုန်အကျခံ ကာရှာဖွေ ဆယ်ယူပေးရန် စီစဉ်ဆောင် ရွက်လျက်ရှိသည်။အဆိုပါ ခေါင်းလောင်းကြီးမှာ ရန်ကုန်မြစ်နှင့် ပဲခူးတို့ဆုံရာ ပန်းအလွဲမြစ်အတွင်း နှစ်ပေါင်း(၄၀၀)ခန့် နစ်မြှုပ်ပျောက် ကွယ်နေ ခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်း ကြီးမှာ အရွယ်အစား အားဖြင့် စောက်(၁၂)တောင် ၊အ၀ (၈)တောင် ရှိပြီး အလယ်ဖောင်း ရစ်ရစ်တွင် နှစ်ကျိပ်ရှစ်ဆူ ပါသောဖောင်းကြွဘုရား(၂၈)ဆူပါပြီး ၄င်း၏ အပေါ်ဖက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံ ပတ္တမြား(၄၅)လုံးပါရှိ ရှိသော အတွဲ(၄၅)တွဲ၊ အတန်း (၂)တန်း ပါရှိသဖြင့် စုစုပေါင်းကျောက် သံပတ္တမြားပေါင်း (၄၀၅၀) လုံးပါရှိကြောင်း သမိုင်းအထောက် အထားများတွင် ဖတ် ရှုလေ့လာခဲ့ ရသည်။
ဓမ္မစေ တီခေါင်းလောင်းတော်ကြီး၏ ရာဇ၀င် သမိုင်းကြောင်းကြို ပန်လည်လေ့ လာကြည့် ရာ၌ မြန်မာ့ သမိုင်းတွင် မွန်တို့၏ မဂဒူမင်းဆက် (၁၆)ဆက်မြောက် မွန်ဘုရင် စမ္မစေတီမင်း သည် ဟံသာဝတီ (ယခုပဲခူး) မှအုပ်စိုးပြီး ၁၄၈၀ ခုတွင် အမတ်ကြီး ဗညားအိန် အားခေါင်းလောင်း အဖြစ် သွန်းစေခဲ့ရာ ပဲခူးရွှေမော်စော ဘုရား ရာဟုထောင့် အနောက်ဖက် မြေကွက်လပ် ၌၁၄၈၄ ခုဖေဖော်ဝါရီ (၅)ရက်၊ ခရစ်နှစ် (၁၄၇၆)ခုနှစ် တပေါင်း လဆန်း(၈) ရက်နေ့တွင် ပွဲသဘင် ကျင်းပ၍ သွန်းလောင်း ခဲ့ကြောင်းသိရှိရသည်။
ထိုစဉ်က အခါပေးသော ဆရာတို့ မှာဇေယျဗာ ဟု၊ ရာဇဗာ ဟု၊ပဲခူးသမုတ္တရာ နန္ဒစည်သူကျော်၊ သံဃရာဇာ ဆရာတို့ဖြစ်ကာ လောကညဏပဏ္ဍိတ်အမတ် ကခေါင်းလောင်း သွန်းလောင်းသော အချိန်မှာ မိချောင်းနက္ခတ်ဖြစ် သဖြင့်အသံကောင်းစွာ မမြည်နိုင်ဟု ပြောကြားခဲ့ သည်။
၎င်းပြောကြားချက်နှင့် ပတ်သက်၍ ဘုရင်ကမမှန် လျှင်ဆွေခုန်နှစ် ဆက်မျိုးခုနှစ်ဆက် အပြစ် ပေးမည်။ မှန်လျှင် သူကောင်းပြုမည် ဟု မိန့်တော်မှု ခဲ့ရာခေါင်းလောင်းကြီးပြီးသော အခါတွင် အသံ မမြည်သော ကြောင့်လောက ညဏ ပဏ္ဍိတ် အမတ်အား `ရာဇပရောဟိတ´ ဘွဲ့တော် ချီးမြှင့်ခဲ့ကြောင်းလေ့ လာသိရှိရ သည်။
ခေါင်းလောင်းတော် ကြီး၏ ဘွဲ့တော်မှာ အ၀ိန္ဒဆောက် ခေါင်းလောင်းတော်ဖြစ်ပြီးအလေးချိန် ပိဿ (၁၈၀၀၀၀) (တန်ချိန် ၂၉၀) ရှိကာ ဓမ္မစေတီ မင်းက သီတင်းကျွတ် လပြည့်နေ့တွင် ရွှေတိဂုံစေ တီပေါ်သို့ တင်လှူ ပူဇော်ခဲ့သည်။
အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော် ကြီးအား ရွှေတိဂုံစေတီတော် ကြီး၌ နှစ်ပေါင်း (၁၂၃)နှစ် အပူဇော်ခံ ထားရှိခဲ့ရာ ခရစ်နှစ် (၁၆၁၂)ခုနှစ်အောက်တို ဘာ(၂၈)ရက်နေ့ တွင် သံလျင်မြို့ စားပေါ်တူဂီ လူမျိုး ဖီးလစ်ဒီဘရစ်တို (ဇင်ကာ)က လက်နက်ခဲ ယမ်းပြုလုပ်ရန်ရွှေတိဂုံစေ တီတော်ပေါ်မှ သန်လျှင်သို့ သယ်ယူခဲ့ရာ ပဲခူးမြစ် ငမိုးရိပ်ချောင်းနှင့် ရန်ကုန်မြစ်တို့ ဆုံရာဒေါပုံမြစ်၊ ပန်းအလွဲမြစ်တွင်ဖောင် နစ်မြှပ်ကာရေသို့ ကျခဲ့ခြင်းဖြစ်သည်။
ခေါင်းလောင်းတော်ကြီး အားပြန်လည် ဆယ်ယူရေးအတွက် ခေတ်အဆက်ဆက်တွင် အားထုတ် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် ဒေါက်တာ မျိုးမြင့်ဦးဆောင်သော အဖွဲ့မှ ပထမအကြိမ် ရှာဖွေခဲ့ပြီး (၁၉၈၉) ခုနှစ်တွင် ပက်စီဦးသိန်းထွန်း ၏ ငွေကြေးအကူ အညီဖြင့်  ဒုတိယအကြိမ် (၁၉၉၇) ခုနှစ်တွင်နိုင်ငံတော်မှ ဆယ်ယူရန် ခေါင်းလောင်းတော် ကြီး ဆယ်ယူရေးကော်မ တီတစ် ရပ်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ (၁၉၉၈)ခုနှစ် မေလ (၉)ရက်မှ (၁၈)ရက်အထိဒေါ်ခင်အေး သိန်းနှင့် အဖွဲ့ကထပ်မံ ရှာဖွေခဲ့ရာ မအောင်မြင်ခဲ့ပေ။
ခေါင်းလောင်းတော် ကြီးပြန် လည်ဆယ်ယူရေး လုပ်ငန်းများ ကိုအဆင့် ဆင့်ဆောင် ရွက်ခဲ့ကြ ရာတွင် ထူးခြား စွာတွေ့ရှိ ချက်များအနြေ ဖင့် (၁၉၈၇)ခုနှစ်တွင် ရှာဖွေခဲ့ သော ဒေါက်တာမျိုးမြင့်နှင့် ဦးကျော်တို့အဖွဲ့ အနေဖြင့် ခေါင်းလောင်းတော် ကြီးအား ရေငုပ်ရှာဖွေရာ တွင်ရေငုပ်ရှာဖွေခဲ့ သူ ဦးကြိုင်နှင့် ဦးထွန်းရင် တို့သည်ခေါင်းလောင်းတော်ကြီး နေရာတွင် ရပ်မိခဲ့ကြောင်း ဂျင်းကောင်များ ကပ်နေကြောင်း၊ အဖွဲ့ဝင် ဦးဖုန်းမြင့်ကျော်ရေအောက်သို့ ဆင်းသွားသော် ဂျင်းပုံကြီးပေါ် မရောက်ပေ။ ယင်းအဖွဲ့ တွင်ပါဝင်သော သမိုင်းညာရှင် ဦးကျော် ကိုယ်တိုင်ယင်းနေ ရာသို့ဆင်း၍ ရှာဖွေခဲ့ရာ ဂျင်းပုံကြီး ရှိသော နေရာသည်ေ ခါင်းလောင်းတောင်ကြီး ရှိသော နေရာဟု ရေငုပ်သူ (၃) ဦးစလုံးက အသိအမှတ်ပြုခဲ့ ကြသည်။
(၁၉၈၈)ခုနှစ်တွင် ဦးကြိုင်နှင့်အဖွဲ့ ၀င်သုံးဦး၏အဖွဲ့ သည်ဒုတိယအကြိမ်အဖြစ် ခေါင်းလောင်းတော်ကြီး ကို ဆက်လက် ရှာဖွေခဲ့ကြရာ ပထမအကြိမ် ရှာဖွေ စဉ်က တက်နင်း မိခဲ့သော ခေါင်းလောင်းတော် ကြီးအပေါ်ထိပ်ဝိုင်း ဂျင်းပုံကြီး ကိုပြန်လည် ရှာဖွေတွေ့ ရှိခဲ့သည်။
တတိယ အကြိမ်ရှာဖွေရာတွင် အမေရိကန်နိုင်ငံ သားများ ဂျင်မ်ဘလန့် Jim Blunth က(၁၉၉၅)ခုနှစ် တွင် သက်ဆိုင်ရာသို့ခွင့်ပြုချက် ရယူပြီးခေါင်းလောင်းတော်ကြီးအား ရှာဖွေမူပြုခဲ့ရာတွင် ခေတ်မီရေအောက် ရှာဖွေရေး ကိရိယာ Solar ခေတ်မီရေငုတ် ကိရိယာများဖြင့် သုံးလအတွင်းရေငုပ်စူးစမ်းရှာဖွေမှု (၁၁၅)ကြိမ် ပြုလုပ်ခဲ့ရာ ဂျင်မ်ဘလန့်ကခေါင်းလောင်းတော်ကြီးကိုလက်ဖြင့် ထိစမ်းခဲ့ဖူးပါတယ်ဟု အတိအလင်းအခိုင်အမာပြောခဲ့ကြောင်း သိရသည်။
၁၉၉၈ ခုနှစ် ဇွန်လတွင် ဒေါ်ခင်အေးသိန်းအဖွဲ့မှ ရေငုပ်လုပ်သားကိုအောင်ကျော်သည် ရေငုပ်ရှာဖွေစဉ် အမြင့် (၁၂) ပေ၊ အောင်ခြေ ပေ(၃၀)ကုန်းကမူတစ်ခုကို တွေ့ရှိကာ အခြားရေငုပ်သမား တစ်ဦး ဖြစ်သူကိုထွန်းနိုင်ကလည်း ယင်းကုန်း ကမူကို တွေ့ရှိခဲ့ပြီး ဒေါ်ခင်အေးသိန်းကအခြားရေငုပ်သမား နှစ်ဦး ဌားရမ်းရေးငုပ်ရှာဖွေခဲ့ရာ ယခင်အတိုင်းကုန်းကမူကြီးရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။
ဆဋ္ဌမအကြိမ် သြစတေးလျနိုင်ငံမှ မှတ်တမ်းသတင်းရိုက်ကူးသူနှင့်စူးစမ်းရှာဖွေရေးသမားများ မစ္စတာ ဒါမီယန်လေး (Mr. Damien Lay)နှင့်အဖွဲ့ကလည်း (၂၀၁၀) ပြည့်နှစ်တွင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့်ခေါင်းလောင်းတော်ကြီးကို ရှာဖွေခဲ့ရာ Sonar လို့ ခေါ်တဲ့ အသံလိုင်းပြန်ကိရိယာနှင့် မြစ်ကြောင်းတစ်လျှောက် Scan လုပ်ကြည့်တဲ့အခါခေါင်းလောင်တော်ကြီးပုံနှင့် အတော်တူတဲ့ ခေါင်းလောင်းကြီးပုံစံတစ်ခုတွေ့ရှိခဲ့ ကြောင်း သိရှိရသည်။
ဓမ္မစေတီခေါင်းလောင်းတော်ကြီး ဂုဏ်သတင်းမှာ ယခုအခါမြန်မာနိုင်ငံတော်ကြီးတွင် သာမဟုတ်တော့ပဲ ကမ္ဘာနိုင်ငံ အသီးသီးကပင် စိတ်ဝင်စားလာကြရာ ယခုရှာဖွေ ဆယ်ယူမည့် စင်ကာပူ နိုင်ငံ S.D MarkInternational LLP ကုမ္ပဏီအနေဖြင့် ဒေါက်တာချစ်စံ (ချစ်စံဝင်း)၊ MasterMariner (F.G) ကပ္ပတိန် ဦးရဲမြင့်ထွန်းတို့မှ တစ်ဆင့်ငွေကြေးကိစ္စဆက်စပ်ဆောင်ရွက်ပေးလာကြောင်း သိရှိရသည်။
အဆိုပါ သမိုင်းအမွေအနှစ်ဆိုင်ရာ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ဇွန် (၃၀)ရက် နံနက် (၉) နာရီတွင်Chartrium ဟိုတယ်၌ ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးများရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယဝန်ကြီးများ၊မြန်မာသမိုင်းအဖွဲ့ဝင်များ၊ သမိုင်းပညာရှင်များ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ ပါမောက္ခများအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီးဓမ္မစေတီခေါင်းလောင်းတော်ကြီး ပြန်လည်ဆယ်ယူရေးနှင့် ပတ်သက်၍ဖတ်ကြားခဲ့ကြရာ အခမ်းအနား တက်ရောက်လာသူများမှလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့ကြသည်။
နှစ်ပေါင်း(၄၀၀)အတွင်း လူသက်တမ်းပေါင်းများစွာ နေထိုင် သွားခဲ့ကြသောမြန်မာလူမျိုးများအနေဖြင့် အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကြီးနှင့်ပတ်သက်၍ ကြားဖူးရုံမျှ သာရှိခဲ့သော်လည်း မိမိတို့သက်ရှိထင်ရှားရှိစဉ် သက်တမ်းအတွင်းမှာ ပြန်လည်မြင်တွေ့ဖူးမြော်ခွင့်ရတော့ မည့်ပြင်နောင်လာနောင်သားတွေအတွက်ပါ သမိုင်းတန်ဖိုးကြီးမားလှတဲ့ ခေါင်းလောင်းတော်ကြီးကို ဖူးတွေ့ခွင့်ရရှိတော့ပေမည်။

0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ