Sunday, July 29, 2012

ကိုရီးယားမင်းသား မင်းသမီးလေးတွေလို အသားအရေလှအောင်…

ကိုရီးယား ဇာတ်ကားလေးတွေ ကြည့်ပြီးရင် ကိုရီးယား လူမျိုးတွေရဲ့ လှပတဲ့ အသားအရေကို အားကျကြရပါတယ်။ သူတို့ရဲ့ အသားအရေတွေက ဘာလို့အရမ်း လှနေရတာလဲ ?? ကိုရီးယားတွေ ဟာ အလှအပကို အရမ်းဦးစားပေး ကြပါတယ်။ မိတ်ကပ်တွေ၊ အသားအရေ ထိန်းသိမ်းတဲ့ဆေးတွေ၊
ပစ္စည်းတွေကို သေချာစွာ အသုံးပြုပြီး အပေါ်ယံလှပအောင် ပြုပြင်ကြရုံတင် မကပါဘူး၊ အသားအရေရဲ့ အတွင်းပိုင်းအထိ လှပအောင် အစားအသောက် အနေအထိုင်ကအစ အရမ်းဂရုစိုက်လာကြပါတယ်။ အသားအရေရဲ့ လှပမှုဟာ လူတစ်ယောက်ရဲ့အလှအတွက် အလွန်အရေးပါပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ရဲ့ ပြယုဂ်ဖြစ်တဲ့ သန့်ရှင်းကြည်လင်ပြီး အပြစ်အနာ အဆာကင်းတဲ့ အသားအရေဖြစ်ဖို့ အတွက် ရိုးရှင်းလွယ်ကူ တဲ့နည်းလမ်းလေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။
၁။ အရေပြားမှာ ရေဓာတ်ပြည့်ဝပြီး စိုပြေနေစေဖို့ တစ်နေ့ကို ရေ ၈- ၁၀ ခွက်သောက်ပါ။
၂။ ဗီတာမင် အေ၊ စီ၊ အီး ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။
၃။ ပျားရည်နဲ့ ရေကိုရောပြီးသောက်သုံးခြင်း ကလည်း အသားအရည် ကိုတောက်ပချောမွေ့ စေပါတယ်။
၎။ သခွားသီးကို များများစားသုံးခြင်းဟာ ခန္ဓာကိုယ် ကိုအေးမြစေသလို အရေး အကြောင်းတြွေ ဖစ်ပေါ်ခြင်းမှလည်း ကာကွယ်ပေးနိုင် ပါတယ်။
၅။ အခန်းအပူချိန်ကို အရမ်းမပူ၊  မအေးစေဘဲ တတ်နိုင်သလောက် ပုံမှန်အပူချိန် မှာထားပေးပါ။
၆။ ရေနွေးနှင့် ဆပ်ပြာအပျော့စား ကိုသာသုံး၍ ရေချိုးပါ။ ရေအပူချိန်များရင် အသား အရည် ကို  ခြောက်သွေ့စေနိုင် ပါတယ်။
၇။ ရေချိုးပြီး တဲ့အခါ တဘက်ကြမ်းကြီးနဲ့ ကြမ်းကြမ်း တမ်းတမ်း မသုတ်လိုက်ပါနဲ့။  နူးညံ့တဲ့ တဘက်လေးနဲ့ အသာအယာ သုတ်ပေးပါ။
၈။ ရေချိုးပြီးတဲ့ အခါနဲ့ အေးတဲ့နေရာတွေမှာ နေရတဲ့အခါမှာ ရေဓာတ်ဖြည့် ခရမ်လိမ်းပေးခြင်းဟာ အသား အရည်ခြောက်သွေ့ ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။
၉။ အရေပြားကို Scrub လုပ်ပေးခြင်းဟာလည်း ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ကျန်းမာတဲ့ အရေပြား ကို ဖြစ်ပေါ်စေပါတယ်။
၁၀။ တစ်နေ့ကို  ၂ကြိမ် မျက်နှာသစ်ပါ။
၁၁။ နေပူထဲသို့ မသွားခင် SPF ပါတဲ့ အစိုဓာတ်ထိမ်း ခရမ်ကို မျက်နှာနှင့် ခန္ဓာကိုယ်ကို လိမ်းပေးခြင်းဟာ အသား အရည် ပျက်စီးခြင်းနဲ့ အရွယ်မတိုင်မီ အိုမင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၁၂။ အိပ်ရာ မ၀င်ခင်မှာ မိတ်ကပ်တွေကို သေချာစွာဖျက်ပါ။ မိတ်ကပ်တွေမှာ အန္တရာယ် ရှိတဲ့ ဓာတု ပစ္စည်းတွေ ပါဝင်ပါတယ်။ တစ်ချို့ဓာတုပစ္စည်းတွေဟာ အသား အရည်ကို ညစ်နွမ်းစေ ပါတယ်။  ချွေးပေါက်တွေ ကိုလည်း ပိတ်ဆို့စေလို့  ၀က်ခြံတွေ ဖြစ်စေနိုင် ပါတယ်။
၁၃။ ချွေးပေါက်တွေ ကို သန့်စင်စေဖို့နဲ့  အသားအရည် လန်းဆန်းစိုပြေစေဖို့  တစ်ပတ်တစ်ခါ Purifying Mask တွေကို အသုံးပြုပြီးပေါင်း တင်ပေးပါ။
၁၄။ အရေးကြီးဆုံးက စိတ်ညစ်မခံပါနဲ့၊ စိတ်ရှုပ်မခံပါနဲ့။ စိတ်ဖိစီးမှာဟာ ၀က်ခြံနဲ့ ဇရာရဲ့ ရှေ့တော်ပြေး အရေး အကြောင်းတွေ ကို ဖိတ်ခေါ်နေ ပါတယ်။ အရာရာကို အကောင်းမြင် ပြီး ပျော်ပျော် ရွှင်ရွှင်နေ တဲ့အခါ သင့်အသား အရေဟာ ပိုပြီးနု ပျိုလှပလန်း ဆန်းလာမှာပါ။

0 comments:

လိုအပ်ချက်တွေရေးခဲ့ပေးပါ

uptodate သတင်းများ

နောက်ဆုံးရသတင်းများ