ကောင်လေးတစ်ယောက်ရွေးချယ်သင့်တဲ့ ချစ်သူမျိုးက …
၁) ကိုယ်စိတ်ညစ်လို့ စိတ်ဓါတ်ကျနေ ချိန်မှာ ကိုယ့်အတွက်
တစုံတခုကို ဖန်ဆင်းပေးချင်သူ …
(ဖြစ်နိုင်ရင် ကိုယ်ရဲ့ ဝေဒနာတွေကို
ဟိုးအဝေးကိုမောင်းထုတ်ပြစ်ပေးချင်သူ …အာလာဒင်သာဖြစ်ရင်ဆိုတဲ့ 
အတွေးမျိုးတခါတရံမှာ ၀င်တတ်သူ…)[?]
၂) သိပ်ချစ်တာကိုသိသော်လဲ ခဏခဏကြားချင်လို့ နင်ငါ့ကိုယ်ဘာလို့ ချစ်တာလဲလို့ မေးတတ်သူ …
၃) ကိုယ်ဟာလူတကာအမြင်မှာ ချွတ်တားလေးဖြစ်နေပေမယ့် သူ့ စိတ်အစဉ်ထဲမှာဟီးရိုးလို မှတ်ယူပေးထား
တတ်သူ …
၎) သာမာန်ထက်မထူးခြားတဲ့ကိုယ့်ကို ချစ်ဖို့ အရမ်းကောင်းတယ်
၊ချစ်ဖို့အရမ်းကောင်းတယ်ဟု ပြောကာ
အူတိုနေတတ်သူ …
၅) ဘာတွေဖြစ်လာဖြစ်လာ ကိုယ့်ကိုဦးဆုံးစဉ်းစား၊ သတိရတတ်သူ
(ဥပမာ-အစားအသောက်ကောင်းလေးများ၊
ဇာတ်လမ်းကောင်းလေးများနဲ
့ကြုံကြိုက်လာတာမျိုးကအစ…)[?] [?] [?]
၆) ဖယောင်းတိုင်လို ကိုယ့်အပူကိုသူ
့ကိုယ်မပေးချင်ပဲ.....သူပျော်နေတာတွေကိုပဲ ဝေမျှခံစားပေးချင်သူ …
၇) ဗေဒင် လက္ခဏာတွေကိုမယုံပါနဲ့ …အနာဂတ်ကငါတို့ ရဲ့ လက်ထဲမှာပါလို
့ရဲဝင့်စွာကြွေးကြော်တတ်သူ …
၈) ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ
(သူ့ အတွက်ကိုယ်ဟာ
necessary ဟုလို့ ပင်မှတ်ယူထားတတ်သူ…)
၉) မောပန်းနွမ်းလျလို့ အားအင်ချိနဲ့ ပင်ပန်းနေတဲ့အခိုက်လိမ္မော်ရည်လေးတစ်ခွက်လောက်နဲ့ အသင့်ပြင်ဆင်
ထားတတ်သူ
…(အနည်းဆုံးရေအေးအေးလေးလောက်တော့ တိုက်ပေးတတ်သူ..)[?]
၁၀) ပျော်ရွှင်စရာတွေယူဆောင်လာပေးတဲ့အတွက် ကျေးဇူးပါလို့ ခဏခဏပြောကာ… ( နင့်ကြောင့် ငါပျော်ခဲ့ရ
တာလေ ဆိုပြီး ချစ်သူကို ဂုဏ်ယူစရာမရှိ
ကြံဖန်ဂုဏ်ယူပေးတတ်သူ …) အဲ့လိုချစ်သူမျိုးတွေ သူငယ်ချင်းတို့ 
မှာရှိပြီလား …ရှိကောရှိချင်ကြလားဟင်
ရှိလာကြရင်ကော … တချို့ ကတော့ လိုအပ်ချင်မှ လိုအပ်မယ်
လူတစ်ကိုယ်အကြိုက်တစ်မျိုးစီပေါ့ဗျာ .
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ