နေ့စဉ်မာတိကာ
မင်းရဲ့ခွင့်ပြုချက်မပါဘဲ
မင်းကို ချစ်တဲ့အကြောင်း
ကဗျာတွေရေးမယ်……………………။
မင်းရဲ့တောင်းဆိုမှုတွေမပါဘဲ
ပေးဆပ်စရာတွေပေးဆပ်ကြည့်မယ်
နှလုံးသားရဲ့ လိုအပ်မှုတွေကိုတောင်းဆိုကြည့်မယ်
မင်းဖတ်ချင် စိတ်ရှိမရှိမသိပေမဲ့
ကာရန်မဲ့ ကဗျာတွေကို
အဖြူရောင်စံပယ်ကုံးလို တစ်ခုချင်းသီကုံးထားမယ်
မင်းမသိနိုင်တဲ့ အိပ်ပျက်ညတွေထဲက
ဆင်ဆာပါတဲ့အတွေးတွေကို
မင်းနဲ့တွေ့တိုင်းရင်ဖွင့်မယ်…………….။
နောက်ပြီး…….ကဗျာတွေမှာ မင်းကိုခေါင်းစဉ်တင်မယ်
ငါ့ကိုယ်ငါကို ကဗျာထဲမှာထည့်ထားမယ်
ဒါအပြင်တော့ အချစ်တွေကို
ကဗျာတွေပေါ်မှာ ဖြန့်ကျက်ထားမယ်
ညီဇွန်မင်းခ(Adin
Group)
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ