Password အားကောင်း မကောင်း စမ်းနည်း
အင်တာနက် သုံးစွဲသူတိုင်း၊ ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ အချက်အလက် တွေလုံခြုံ စေဖို့အတွက် စကားဝှက် Password သုံးပြီး ထိန်းသိမ်းထား တတ်ကြမှာပါ။ ဒါကြောင့် ကိုယ့် password ကို တစ်ပါးသူ အလွယ်တကူ သိသွားတာမျိုး မဖြစ်သင့် ပါဘူး။ မိမိ အသုံးပြုနေတဲ့ Password
က ဘယ်လောက် ရာခိုင်နှုန်းအထိ ခိုင်မာမှု ရှိတယ်ဆိုတာကို ဖော်ပြပေးမယ့်
ဝက်ဘ်ဆိုက်လေးကို မျှဝေပေးချင်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ကိုယ့်ရဲ့ စကားဝှက်
ရိုက်ထည့်ပြီး ခိုင်မာမှုရှိသလား၊ အားပျော့သလား ဆိုတဲ့ အဖြေကို
ရာခိုင်နှုန်းနဲ့ ဖော်ပြပေးပါလိမ့်မယ်။ အပြာရောင်တွေ များနေရင်တော့ စကားဝှက်
ခိုင်မာမှုရှိပြီး၊ အနီရောင် များနေရင်တော့ စကားဝှက်ကို ပြောင်းလဲပစ်ဖို့
လိုပါပြီ။ ဒါကြောင့် စကားဝှက်ရဲ့ ခိုင်မာမှုကို စစ်ကြည့်ဖို့ကို ဒီမှာ ကို နှိပ်ပြီး သွားစစ်ကြည့် လိုက်ပါ။
အဆင်ပြေကြပါစေဗျာ..အားလုံးအတွက် ဖတ်မိသမျှ တွေ့ ရှိသမျှ ရှာဖွေတင်ဆက်ပေးခြင်း ဖြစ်ပါသည်..
အဆင်ပြေကြပါစေဗျာ..အားလုံးအတွက် ဖတ်မိသမျှ တွေ့ ရှိသမျှ ရှာဖွေတင်ဆက်ပေးခြင်း ဖြစ်ပါသည်..
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ