ဓါတ်ပုံတစ်ပုံနှင့် တစ်ခြားသူရဲ့ ip, နိုင်ငံ, သူသုံးတဲ့ browser, နဲ့ အခြား အချက်အလက်များကို သိရှိနိုင်

အခုအချိန်မှာ နည်းပညာထွန်းကားတဲ့ ကာလတစ်ခုပါ . အဲ့ဒီ့တော့ အမြဲတမ်း မိမိကိုယ်ကိုယ်ကာကွယ်မှု လုံခြုံမှုရှိအောင် အမြဲတစေ ကာဗာယူထားရင် ပိုကောင်းပါတယ် . ဥပမာ. ဓါတ်ပုံတစ်ပုံပို့လိုက်တယ်ဆိုပါစို့ ၊ တစ်ဖက်လူက မိမိပို့လိုက်တဲ့ ဓါတ်ပုံကိုဖွင့်ကြည့်လိုက်တာနဲ့ အဲ့ဒီ့လူက ဘယ်မြို့၊ ဘယ်နိုင်ငံကနေ အခုလက်ရှိ ကွန်ပျူတာကိုသုံးနေတယ် ၊ ပြီးတော့ browser ကို ဘာအမျိုးအစားသုံးတယ် version စတဲ့အချက်အလက် တွေကို သိရှိနိုင်ပါတယ် . ဒါကိုကျွန်တော်တို့က tracking လုပ်တယ်လို့ခေါ်ပါတယ် . ကိုကြည့်လိုက်တဲ့သူက ဓါတ်ပုံကို ကလစ်နှိပ်လိုက်တာနဲ့ အောက်က နမူနာ အချက်အလက်တွေကို
automatic မိမိရဲ့ email ထဲကို ရောက်လာပါတယ် . စမ်းချင်ရင်တော့ http://www.spypig.com ကိုသွားပြီး စမ်းကြည့်လိုက်ပါ . လုပ်နည်းကိုတော့ ကျွန်တော်မပြောပြတော့ပါဘူး . အဲ့တော့ ကျွန်တော် တစ်ခုသတိပေးချင်တာက မိမိမသိတဲ့သူ တစ်စုံတစ်ယောက်က မေးလ်ပို့လာရင် ဘယ်တော့မှ အလျင်စလို မဖွင့်ဖတ်ကြပါနဲ့ ၊ ကိုနဲ့မသိရင် ဖျက်ပစ်တာ အကောင်းဆုံးပါပဲ၊ အခုအချိန်မှာ mail ပို့လိုက်တာနဲ့ ကို့မေးလ်ကို တစ်ဖက်လူက ဖွင့်ဖောက်လိုက်တာနဲ့ တစ်ဖက်လူ လက်ရှိသုံးနေတဲ့ email ရဲ့ username နဲ့ password ကိုတောင် သိနိုင်နေပါပြီ၊ အကောင်းဆုံးက သံသယရှိတဲ့မေးလ်ဆိုရင် မဖောက်ဖတ်ပါနဲ့၊
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ