Saturday, December 22, 2012

How to use the Hiren's BootCD

 
Hirens.BootCD က win 7 မှာ အ
 သုံးပြုလို့ ရပါသလားဆို တာကို ယေဘုယျ ဖြေမယ်ဆိုရင် ရပါတယ်လို့ ပြောရပါမယ် ဘာကြောင့် ဒီလို ပြောလဲဆို ကိုယ်စီမှာ ရှိနေတဲ့ Hirens.BootCD က ဗားရှင်းပေါ်မှုတည်ပြီး win 7 ကို စပိုစ့်လုပ်နိုင် မလုပ်နိုင် ဆိုတာကို ကြည့်ရမှာပါ အများအားဖြင့်တော့ ရပါတယ် ခုနောက်ပိုင်း ထွက်လာတာတွေ လောလောဆယ်ထိ ၁၅.၂ အထိ ရှိနေပါပြီ ၁၅.၁ လဲ ရပါတယ် သေချာတာပြောလိုက်တာပါ အခြားဗားရှင်းတွေလဲ ရတာပါပဲ  ဒါကပထမမေးသွားတာ အတွက်ပါ
နောက် ဘယ်လို သုံးရမလဲ ဆိုတာကတော့ နဲနဲ ရှည်မယ်ထင်ပါတယ် အကြောင်းကတော့ ကွန်ပျူတာ တစ်လုံးစက်စတင် နှိုးလိုက်တယ် power ဖွင့်လိုက်တယ်ဆိုရင်ဘဲ ဒါကစတင် အလုပ်လုပ်တော့မှာ ဖြစ်ပါတယ် ပါဝါစဖွင့်လိုက်တာနဲ့ (F8) ကိုနှိပ်ထားခြင်းရှိ မရှိဆိုတာ ကို (IO.Sys) File က စစ်ဆေးပါတယ် လောလောဆယ်တော့ (IO.Sys) File ဆိုတာ ကို ဘာလဲ မပြောပြတော့ဘာဘူး ပြောနေရင် ဟာ့ဝဲလ် စာအုပ်တစ်အုပ်စာလောက် ဖြစ်နေမှာ စိုးလို့ပါ လောလောဆယ်က မေးထားတာကို ပဲ အဓိကထား ပြောသွားပေးပါမယ့် ပြန်ဆက်ကျရအောင် F8 ကိုနှိပ်ထားတယ်လို့ သူကနေ တွေ့တာနဲ့ Boot Menu လို့ခေါ်တဲ့ ဇယား ပေါ်လာမှာပါ  ဒီဇယားက ဘာကို ပြောတာလဲ ဘာလုပ်တာလဲဆိုရင် ကွန်ပျူတာ စနစ်တစ်ခုလုံးကို ပြစ်ချက်တွေ ရှိမရှိ ရှာဖွေ ပြုပြင်နိုင် ဖို့ အတွက် စက်ဖွင့်နည်း (boot methods) များ ကို လုပ်ဆောင်စေတာပါ ကဲ ဇယားထဲက ဟာတွေကိုတော့ ဒီနေရာမှာ ထည့်မပြောဘူးနော် နဲနဲ ထပ်ကျော်ပါမယ်

အခု ထပ်ပြောသွားမှာက မင်းသားကြီးလာပါတော့မယ် Bootable Disk လာပါပြီ ဒီကောင်က မြန်မာလိုခေါ်မယ်ဆိုရင်တော့ စက်နှိုးတဲ့ ဓါတ်ပြားပေါ့ဗျာ ဒါပေမယ့် အင်္ဂလိပ်လိုက ပိုလွယ်နေသလို ဖြစ်နေပါတယ် မှတ်ရတာလေ  သူက ဘာနဲ့ ဆင်တူသလဲဆိုရင် Startup Disk နဲ့ ဆင်တူပါတယ် တစ်ခုကွာသွားတာက Bootable Disk ကို သုံးကို စနစ်ကို ပြင်ဆင်လို့ မရတာ ကွာသွားပါတယ် ကျန်တာတော့ အတူတူပဲမှတ်ပေါ့ ကိုယ့် စက်က ကောင်းသေးလား မကောင်းတော့ဘူးလား ဆိုတာကို စစ်ဆေးဖို့ (၀င်းဒိုးတက်မလာတဲ့ အချိန်မျိုးမှာနော် ) အကောင်းကြီးကို သွားလုပ်ကြည့်နေလို့ကတော့ ဘာမှ ထူးဘူး တက်လာမှာပဲပေါ့  ပထမအချက် အနေနဲ့ အသုံးပြုရတာပါ လွယ်လွယ်ပြောရင် ခွေထည့် ပြီး စမ်းကြည့်လိုက်လို့ ကိုယ့်စက်က တက်လာသေးရင် စနစ်ကောင်းနေသေးတယ်ဆို တာ သိနိုင်တာပေါ့ဗျာ မပျက်သေးဘူးပေါ့

နောက် ဘယ်လို သုံးတာလဲ ဆိုတာကို ပြောတာထက် ပိုကောင်းတာလေး ပေးလိုက်ပါတယ် အောက်မှာ Video ရှင်းပြချက်တွေပါ ထည့်ပေးလိုက်ပါတယ် ဘယ်လို သုံးရမလဲဆိုတာ ကောင်းကောင်းနားလည်နိုင်မှာပါ

How to create and run the Hiren's BootCD

How to create and run the Hiren's BootCD
How to run the Hiren's BootCD from a USB Flash Drive

How to use the Hiren's BootCD

How to remove a Windows Password using the Hiren's BootCD
How to remove a Bios Password using the Hiren's BootCD


အာကာဖြိုးဆီကနေယူလာတာပါ

0 comments:

လိုအပ်ချက်တွေရေးခဲ့ပေးပါ

uptodate သတင်းများ

နောက်ဆုံးရသတင်းများ