ခရစ်စမတ်

ခရစ်တော်မွေးဖွားခြင်းနှင့်ပတ်သက်၍ မမှန်ကန်သောယူဆချက်များ
ကြားဖူးနေကြ ဇာတ်လမ်းလေးမှာ
လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ ကျော်ခန့် က ဒီဇင်ဘာ ၂၅ ရက် ညနေခင်း၌ မယ်တော်မာရိသည် သားဖွားရန် Bethlehem မြို့ သို့ မြည်းကလေးစီး၍ ရောက်ရှိလာသည်။ တည်းခိုခန်းရှင်များက အရေးပေါ်ကိစ္စဖြစ်သော်လည်း လက်မခံကြပါ။ သို့ ဖြစ်၍ ခရစ်တော်အား နွားတင်းကုပ်၌ မွေးဖွားရလေသည်။ကောင်းကင်တမန်များက တေးသီချင်းသီကြူးကာ ဘုရင်သုံးပါးကလည်း ကုလားအုပ်များစီး၍ ရောက်ရှိလာပြီး ခရစ်တော်အား ပူဇော်ကိုးကွယ် ကြလေသည်။
ကြားဖူးနေကြ ဇာတ်လမ်းလေးမှာ
လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ ကျော်ခန့် က ဒီဇင်ဘာ ၂၅ ရက် ညနေခင်း၌ မယ်တော်မာရိသည် သားဖွားရန် Bethlehem မြို့ သို့ မြည်းကလေးစီး၍ ရောက်ရှိလာသည်။ တည်းခိုခန်းရှင်များက အရေးပေါ်ကိစ္စဖြစ်သော်လည်း လက်မခံကြပါ။ သို့ ဖြစ်၍ ခရစ်တော်အား နွားတင်းကုပ်၌ မွေးဖွားရလေသည်။ကောင်းကင်တမန်များက တေးသီချင်းသီကြူးကာ ဘုရင်သုံးပါးကလည်း ကုလားအုပ်များစီး၍ ရောက်ရှိလာပြီး ခရစ်တော်အား ပူဇော်ကိုးကွယ် ကြလေသည်။
ဤဇာတ်လမ်းလေးမှာ အကုန်လုံးနီးနီး မှားယွင်းနေသည်။ခရစ်တော်မွေးဖွားခြင်းနှင့်ပတ်သက်၍ ပြဇတ်၊ကဗျာ၊စာအုပ်၊ရုပ်ရှင်များက ဇာတ်လမ်းအမျိုးမျိုးဆင်ကာ ရေးသားပြသသောကြောင့် ခရစ်စမတ်နှင့်ပတ်သက်၍ အမှန်တကယ်ဖြစ်ရပ်သည်ပျောက်ကွယ်လေသည်။ကျမ်းစာ၌သာ အဖြစ်မှန်ရှိလေသည်။
မြည်းစီးသွားခြင်းမှာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အခြားနည်းများဖြင့်လည်း သွားကောင်းသွားနိုင်သည်။ကျမ်းစာ၌ မယ်တော်မာရိ Bethlehem သို့ မည်သို့ ရောက်ရှိကြောင်း ဖော်ပြထားခြင်း မရှိပါ။ ခင်ပွန်းသည် ယောသနှင့်အတူတကွ ရောက်ရှိသည်ဟုသာ ဖော်ပြထားလေသည်။
မယ်တော်မာရိသည် မွေးဖွားမည့်ည၌ပင် Bethlehem သို့ ရောက်ရှိသွားပါသလော။
ကျမ်းစာက ဤသို့ ဆိုလိုဟန်မရှိပါ။
"ဗက်လင်မြို့ ၌ ရှိနေစဉ်ဘွားအံ့သောနေ့ လစေ့လျှင်" ရှင်လုကာခရစ်ဝင် ၂း၆
အရ ဖွားမြင်ခြင်း မတိုင်မီ များစွာစော၍ ရောက်ရှိနေခြင်းက ပို၍ နီးစပ်ပါသည်။
ယောသနှင့်မာရိ တို့ သည် တည်းခိုခန်းရှင်များနှင့်စကားပြောခဲ့ရသည်။
တည်းခိုခန်းရှင်များနှင့် စကားပြောခဲ့ရသည်ဆိုခြင်းမှာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။သို့သော်လည်း ကျမ်းသွားကျမ်းလာက ယင်းသို့အတည်ပြု မပြောကြားပါ။ ဖြစ်နိုင်ချေရှိသည်မှာ ယောသနှင့်မာရိသည် ဆွေမျိုးများနှင့်အတူနေထိုင်နေခြင်းဖြစ်နိုင်သည်။
ခရစ်တော်သည် နွားတင်ကုပ်၌ မွေးဖွားခဲ့သလော။
ကျွမ်းကျင်သော ရှေးဟောင်းသုတေသနများ၏ အဆိုအရ ခရစ်တော်သည် ဆွေမျိုးများ၏ နေအိမ် ဧည့်သည်ဆောင်၏ ပြင်ပတနေရာ၌ မွေးဖွားခဲ့လေဟန်ရှိသည်။
ကောင်းကင်တမန်များသည် မွေးဖွားသည့်နေရာ၌ ရှိနေခဲ့သလော။
ကောင်းကင်တမန်များရှိနေခဲ့သည်ဆိုခြင်းမှာ ယုတ္တိရှိတန်သည်။သို့ ပါသော်လည်း ကျမ်းစာ၌ မပါရှိပေ။ယောသနှင့်မာရိသည် ဤအချိန်၌ ကောင်းကင်တမန်များကို မြင်တွေ့ သည်ဟုဖော်ပြမထားပါ။
ဘုရင်သုံးပါးသည် ကုလားအုပ်များစီးနှင်း၍ လာရောက်ခဲ့သလော။
ဘုရင်များနှင့်ကုလားအုပ်များ လာရောက်ခဲ့သည်ဟု ကျမ်းစာက မဖော်ပြပါ။ မာဂုပညာရှိများလာသည်ဟုသာဆို၍ မည်မျှလာသည်ဟုဖော်မပြထားပါ။ပညာရှိများသည် ဘုရင်များမဟုတ်ပါ။ ပညာရှိများဟု သုံးနုန်းထားသဖြင့် နှစ်ယောက်ထက်
ပိုပြီး ထို့ ထက်လည်းများကောင်းများနိုင်သည်။ ကျမ်းစာ၌ အဖိုးတန်လက်ဆောင်သုံးမျိုးဖော်ပြထား၍ ပညာရှိသုံးယောက်ဟု ကောက်ချက်ဆွဲမပြောနိုင်ပါ။ထိုပညာရှိများမည်သည့်တိုင်းပြည်မှလာသည်ဟုလည်းဖော်ပြထားခြင်းမရှိပေ။ပညာရှိ
များသည် ခရစ်တော်နွားစားခွက်ထဲ ရှိနေစဉ် အချိန်၌ လာရောက်ပူဇော်သည်မှာ မဖြစ်နိုင်ပေ။ ခရစ်တော်အား ပညတ်တရားအတိုင်း စဉ်ကြယ်ခြင်းကိုJerusalem ၌ ပြုအပြီး နောက် အတန်ငယ်ကြာသော အခါမှ လာရောက်ခဲ့ကြ သည်။မာဂုပညာရှင်များနှင့်ဟေရုဒ်ဘုရင် တွက်ချက်မှုအရ ခရစ်တော်သည် နှစ်နှစ်သားအရွယ်ခန့်မျှရှိပေလိမ့်မည်။
ခရစ်တော်သည် ဒီဇင်ဘာ ၂၅ ရက်နေ့ ၌ မွေးဖွားခဲ့သလော
ဒီဇင်ဘာလ၌ မွေးဖွားသည်မှာ ဖြစ်နိုင်ချေရှိသော်လည်း ဖြစ်ဖို့ ရန်အလားအလာ နည်းပါးလေသည်။ ကျမ်းစာ၌ နေ့ ရက်၊လ ကို ဖော်ပြထားခြင်းမရှိပေ။ ဒီဇင်ဘာလသည် အေးချမ်းလွန်းသဖြင့် သိုးထိန်းတို့ သည် သိုးစုကိုစောင့်နေခြင်းမှာ
ဖြစ်ဖို့ အလားအလာ နည်းပါးလေသည်။ကိုယ်ဝန်နှင့်မာရိသည်လည်း အေးချမ်းသောဆောင်းရာသီ၌ ဝေးလံသော ခရီး( Nazareth မှ Bethlehem သည် မိုင် ၇၀ ဝေးကွာသည်) ကိုပြုရန် ခက်ခဲပေလိမ့်မည်။ ပိုမို၍ ဖြစ်နိုင်ချေရှိသော ကာလမှာ
စက်တင်ဘာလ အကုန်ခန့် ဖြစ်နိုင်လေသည်။ ဤအချိန်သည် Feast of Tabernacles အတွက်ခရီးပြုလေ့ရှိသော အချိန်ဖြစ်သည်။ ခရစ်တော်အား ပဋ္ဋိသန္ဒေ တည်သည့်အချိန်သည် မွေးဖွားသောနှစ်၏ တမြန်နှစ် ဒီဇင်ဘာလ၌ ဖြစ်ပေသည်။
(၉ လလွယ်၍ ၁၀လဖွား) ယခုခေတ်၌ ခရစ်စမတ်ပွဲတော်အား ကျင်းပသည်မှာ ခရစ်တော်သည် လူသားအဖြစ် ပဋ္ဋိသန္ဒေ ခံယူခြင်း အထိမ်းအမှတ် ဖြစ်သည်ဟုဆိုလိုခြင်းမှာ ပိုမိုမှန်ကန်ပေသည်။
ခရစ်ယာန်များသည် ခရစ်တော်မွေးဖွားသည့်လသည်ပင် ဒီဇင်ဘာမဟုတ်ပါဘဲလျက် အဘယ့်ကြောင့်ဒီဇင်ဘာ ၂၅ ရက် နေ့ ၌ ကျင်းပနေပါသနည်း။
ဒီဇင်ဘာ ၂၅ ရက်နေ့ သည် Roman Catholic အသင်းတော်ကြီးမှ ရွေးချယ်သောနေ့ ဖြစ်သည်။ မည်သူတဦးတယောက်မျှ ခရစ်တော် မွေးနေ့ ကိုမသိသောကြောင့် Roman Catholic အသင်းတော်ကြီးမှလွပ်လပ်စွာ ရွေးချယ်ခဲ့သည်။
Roman Catholic အသင်းတော်ကြီးမှ Pagan Festival ကိုခရစ်ယာန်တို့ ၏ မြင့်မြတ်သောနေ့ ဖြင့် အစားထိုးခဲ့ခြင်း ဖြစ်သည်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ