မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခကို တက္ကသိုလ် ကျောင်းသားများအတွက် လျှော့ပေးမည်
မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခကို Volume Based
Charging စနစ်ဖြင့် ပြောင်းလဲ ကောက်ခံရာတွင် တက္ကသိုလ်ကျောင်းသားများအတွက်
အထူးနှုန်းတစ်ရပ် စီစဉ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။
“ကျောင်းသားတွေ အနေနဲ့ ဖုန်းဆက်လာတာတွေ ရှိပါတယ်။ ပညာရပ်ဆိုင်ရာ
စာအုပ်တွေကို Download လုပ်ပါတယ်။ Download လုပ်တဲ့အခါမှာ 1Gb နဲ့တင်
မလောက်ပါဘူး။ တချို့ဆိုရင် 4Gb၊ 5Gb တို့လောက် သုံးစွဲရပါတယ်။ အဲဒါကြောင့်
တက္ကသိုလ် ကျောင်းသားတွေ အတွက်တော့ နှုန်းထား လျှော့ပေးဖို့ အစီအစဉ်ရှိပါတယ်။
ကျောင်းသားတွေ အနေနဲ့ တစ်လကို 5Gb သုံးမယ်လို့ သတ်မှတ်ပြီး
လျှောက်မယ်ဆိုရင် 5Gb စာ မယူပါဘူး။ 4Gb စာပဲ ယူမှာဖြစ်ပြီး 4Gbအတွက် ၂၈၀၀၀
ကျပ် ကျမှာဖြစ်ပြီး ကျောင်းသားတွေ အတွက်တော့ ၂၅၀၀၀ ကျပ်ပဲ ကောက်ခံမှာ
ဖြစ်ပါတယ်။ တကယ်လို့ ကျောင်းသားတွေက 5Gb ထက်မကဘူး 10Gb ကို
သုံးစွဲမယ်ဆိုရင် ၅၀၀၀၀ ကျပ် ကျမှာဖြစ်ပြီး ၄၈၀၀၀ ကျပ်ပဲ ကောက်ခံမှာ
ဖြစ်ပါတယ်။ ဆက်သွယ်ရေးမှာ ကျောင်းသားကတ်နဲ့အတူ လာရောက်
လျှောက်ထားနိုင်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်း
ဆက်သွယ်ရေးဌာန၊ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက နိုဝင်ဘာ ၁၀ ရက်နေ့တွင်
ပြောကြားခဲ့သည်။ ကျောင်းသားတွေအတွက် ဈေးနှုန်းများ လျော့ချပေးခြင်းသည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပညာရေး အလှူဒါန ဖြစ်ကြောင်း သိရသည်။
By Smart News
By Smart News
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ