ဂဏန်းသင်္ချာ မျက်လှည့် (အံသြဖွယ်ရာ 4 x 4 magic square တစ်ခုကို 10 စက္ကန့်အတွင်း တည်ဆောက်နည်း)
သူငယ်ချင်းတို့ရေ......
ဒီတစ်ပတ် တင်ပြမှာလေးကတော့ 4 x 4 magic square တစ်ခုကို 10 စက္ကန့်အတွင်း
ချရေးတဲ့ နည်းကလေးပါ။ သိပ်ကောင်းပြီး သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ နည်းကလေးပါ။
သင်က သင့်ရဲ့ သူငယ်ချင်းကို 25 မှ 100 အတွင်း ကြိုက်တဲ့ ကိန်းဂဏန်းတစ်ခုကို ပြော၊
4 x 4 စတုရန်းကွက်ထဲမှာ အလျားလိုက်၊ ဒေါင်လိုက်၊ ထောင့်ဖြတ် ကြိုက်သလိုပေါင်း အဲဒီ တန်ဖိုးပဲ
ရအောင် 10 စက္ကန့်အတွင်း ချရေးပြမယ်လို့ ပြောလိုက်ပါ။
အဲဒီလို ရေးနိုင်ဖို့အတွက် နည်းကလေးက လွယ်တော့လွယ်ပါတယ် နည်းနည်းတော့ အာရုံစိုက်
ရမှာပေါ့။ ပထမဆုံး ဒီ လင်္ကာလေးကို အရကျက်ထားလိုက်ပါနော်..။
၁။ ကိုး၊ တစ်ဆယ်၊ ဆယ့်တစ်၊ ဆယ့်နှစ်။
၂။ ငါးလေး၊ တစ်ရှစ် နှစ်ဆ ဖြစ်။
၃။ နှစ်ဆယ်(20) နှုတ်ကာ တိုးရေးပါ။
၎။ နောက်ဆုံးမှာတော့ တစ်ပွင့်လျော့ ကြိုက်သလို ပေါင်းပါတော့။ ။
အဲဒီ ၄ ကြောင်း လင်္ကာလေးကို ရရင် အလုပ်ဖြစ်ပါပြီ။ ရေးပုံရေးနည်းကို လင်္ကာလေးနဲ့
ယှဉ်တွဲပြီး ရှင်းပြသွားပါမယ်။
ပထမဆုံး သင်က သင့်ရဲ့ သူငယ်ချင်းကို 25 မှ 100 အတွင်း ကြိုက်တဲ့ ဂဏန်းကို ပြောခိုင်း
လိုက်ပါ။ ဥပမာ ..... သူက 35 လို့ ပြောတယ် ဆိုပါစို့........။
ဒါဆိုရင် ပထမဆုံး ဒီလို 4 x 4 ဇယားကွက် တစ်ခု ရေးဆွဲလိုက်ပါ။
ပြီးရင် လင်္ကာ (၁) အရ 9 ၊ 10 ၊ 11 ၊ 12 ဆိုတဲ့ ဂဏန်းလေးတွေကို အဲဒီ ဇယားကွက်မှာ
ဒီလို ထည့်လိုက်ပါ။
လင်္ကာ (၂) မှာ ငါးလေး တစ်ရှစ် နှစ်ဆဖြစ်လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်ကတော့
5,4 ရယ်၊ 1,8 ရယ် နှစ်ဆဖြစ်ဆိုထားလို့ 18 ကို နှစ်ဆပြုရင် 36 ရပါတယ်။ တစ်ခါ 36 ကို
နှစ်ဆပြုရင် 72 ရပါတယ် အဲဒီ ဂဏန်းရှစ်လုံး 5,4 1,8 3,6 7,2 ကို ပထမတိုင်အောက်
နှစ်ကွက်မှာ ၂ လုံး၊ ဒုတိယတိုင်အထက်နှစ်ကွက်မှာ ၂ လုံး၊ တတိယတိုင် ၊ စတုတ္ထတိုင်တွေမှာ
လည်း ဒီလိုပဲ အပေါ်နှစ်ကွက်၊ အောက် နှစ်ကွက် တစ်လှည့်စီ ထည့်သွားရပါမယ် ဒီလိုလေးပေါ့။
ရှုပ်မှာစိုးလို့ နှစ်ပိုင်း ခွဲပြထားတာပါ။ အဲဒီ ဇယားနှစ်ကွက်ကို ပြန်ပေါင်းလိုက်ရင် ဒီလို
ဖြစ်သွားပါမယ်။

ဒီအထိ ရှင်းပါတယ်နော် အဲဒါ ပုံသေနည်းကွက်ပါ ဒီဇယားကွက်က အဓိက ကျပါတယ်။
ကိုယ်မှတ်တတ်သလို မှတ်ရင်လည်း ရပါတယ်။ အဲဒီတော့ အထက်ပါ ဇယားကွက်မှာ ဖြည့်စရာ
ဆိုလို့ ၄ ကွက်ပဲ ကျန်ပါတော့တယ်။ အဲဒီ လေးကွက်ကတော့ သူပြောတဲ့ ဂဏန်းအပေါ် မူတည်ပြီး
ပြောင်းလည်း ထည့်သွင်းသွားရမှာပါ။ အဲဒီ လေးကွက်ကို A B C D လို့ နာမည်လေးတွေ ယာယီ
ပေးထားပါမယ်။ ကြည့်ပါ........
လင်္ကာ (၃) မှာ နှစ်ဆယ် နှုတ်က တိုးရေးပါ။ လို့ ဆိုထားတဲ့အတွက် သူပြောတဲ့ 35 ထဲက
20 ကို နှုတ်ရပါမယ်။ ဘာ့ကြောင့် 20 နှုတ်ရလည်း မစဉ်းစားပါနဲ့ ဒါလည်း ပုံသေနည်းပါပဲ။ သူ
ဘာဂဏန်းပဲ ပြောပြော 20 နှုတ်ရပါမယ်။ ဒီတော့ 35 ထဲက 20 နှုတ်ရင် 15 ကျန်မှာပေါ့။
အဲဒီ 15 ကို A အကွက်မှာ ရေးရပါမယ်။ တိုးရေးပါလို့ ဆိုတဲ့အတွက် 15 ကို တိုးလိုက်ရင်
16 ရမယ်။ အဲဒီ 16 ကို B အကွက်မှာ ထည့်ရပါမယ်။ 16 ကို ဆက်တိုးရင် 17 ရပါမယ်။
အဲဒီ 17 ကို C အကွက်မှာ ထည့်ရပါမယ်။
နောက်ဆုံး D အကွက်ကို ထည့်ဖို့ကတော့ လင်္ကာ (၄) မှာ ဆိုထားတဲ့အတိုင်း
နောက်ဆုံးမှာတော့ တစ်ပွင့်လျော့ဆိုတဲ့အတွက် 15 ကို တစ်ပွင့်လျော့ရင် 14 ရပါမယ်။
အဲဒီ 14 က နောက်ဆုံး D အကွက်မှာ ထည့်ရမှာပါ။ ဒါဆိုရင် အားလုံးထည့်လိုက်ပြီ။
ကဲ ဒါဆိုရင် အလျားလိုက် ဒေါင်လိုက် ထောင့်ဖြတ် ကြိုက်သလိုပေါင်း 35 ရစေတဲ့
ဇယားကွက်တစ်ခု ဖြစ်သွားပါပြီ။ အလျားလိုက်၊ ဒေါင်လိုက်၊ ထောင့်ဖြတ် ပေါင်းမှ 35 ရတာမဟုတ်
သေးပါဘူး ဟောဒီလို ကာလာနဲ့ ၀ိုင်းပြထားတဲ့ အကွက်တွေ ပေါင်းရင်လည်း 35 ရပါတယ်။
ပြီးတော့ ဟောဒီလို ဒေါင့်ဆုံး ၄ ကွက်ပေါင်းရင်လည်း 35 ရပါသေးတယ်။ ကာလာနဲ့ ၀ိုင်း
ထားတဲ့ အကွက်တွေ ပေါင်းရင်လည်း 35 ရပါတယ်။
အခု တင်ပြခဲ့တဲ့ နည်းကလေးက 25 မှ 100 အတွင်း မည်သည့်ဂဏန်းကိုမဆို ပြုလုပ်နိုင်တဲ့
နည်းကလေးပါ။
ကဲ သူငယ်ချင်းတို့ ဒီနည်းလေးကို လေ့ကျင့်ပြီး သင့်သူငယ်ချင်းကို ပြလိုက်ရင် သူ
မအံသြ မချီးကျူးဘဲ မနေနိုင်ပါဘူး။ မကျွမ်းကျင် ခင်မှာတောင် 20 စက္ကန့်လောက်ပဲ ကြာပါတယ်။
ကျွမ်းကျင်သွားရင် 10 စက္ကန့်လောက်နဲ့ ဒီလို ဇယားကွက်မျိုးကို အလွယ်တစ်ကူ ချရေးနိုင်မှာပါ။
ကိုယ်က လေးကွက်ပဲ ဖြည့်ရမှာလေ ကျန်တာက ပုံသေကွက်နဲ့သွားတာပဲ။ ကဲ စိတ်ဝင်စားရင်
နောက်တစ်ခေါက်လောက် ဖြေးဖြေး ပြန်ဖတ်ပြီး တစ်ခြား ကိန်းဂဏန်းလေးတွေနဲ့ ပြောင်းလည်းပြီး
နဲနဲလောက် လေ့ကျင့်လိုက်ရင် အလွယ်တကူ ရမှာပါ မခက်ပါဘူး။
သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ........
လေးစားစွာဖြင့်
doll lay
ကိုသန်းဇော် ဆီမှ ကူးဖော်ပြထားသည်...
ဒီတစ်ပတ် တင်ပြမှာလေးကတော့ 4 x 4 magic square တစ်ခုကို 10 စက္ကန့်အတွင်း
ချရေးတဲ့ နည်းကလေးပါ။ သိပ်ကောင်းပြီး သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ နည်းကလေးပါ။
သင်က သင့်ရဲ့ သူငယ်ချင်းကို 25 မှ 100 အတွင်း ကြိုက်တဲ့ ကိန်းဂဏန်းတစ်ခုကို ပြော၊
4 x 4 စတုရန်းကွက်ထဲမှာ အလျားလိုက်၊ ဒေါင်လိုက်၊ ထောင့်ဖြတ် ကြိုက်သလိုပေါင်း အဲဒီ တန်ဖိုးပဲ
ရအောင် 10 စက္ကန့်အတွင်း ချရေးပြမယ်လို့ ပြောလိုက်ပါ။
အဲဒီလို ရေးနိုင်ဖို့အတွက် နည်းကလေးက လွယ်တော့လွယ်ပါတယ် နည်းနည်းတော့ အာရုံစိုက်
ရမှာပေါ့။ ပထမဆုံး ဒီ လင်္ကာလေးကို အရကျက်ထားလိုက်ပါနော်..။
၁။ ကိုး၊ တစ်ဆယ်၊ ဆယ့်တစ်၊ ဆယ့်နှစ်။
၂။ ငါးလေး၊ တစ်ရှစ် နှစ်ဆ ဖြစ်။
၃။ နှစ်ဆယ်(20) နှုတ်ကာ တိုးရေးပါ။
၎။ နောက်ဆုံးမှာတော့ တစ်ပွင့်လျော့ ကြိုက်သလို ပေါင်းပါတော့။ ။
အဲဒီ ၄ ကြောင်း လင်္ကာလေးကို ရရင် အလုပ်ဖြစ်ပါပြီ။ ရေးပုံရေးနည်းကို လင်္ကာလေးနဲ့
ယှဉ်တွဲပြီး ရှင်းပြသွားပါမယ်။
ပထမဆုံး သင်က သင့်ရဲ့ သူငယ်ချင်းကို 25 မှ 100 အတွင်း ကြိုက်တဲ့ ဂဏန်းကို ပြောခိုင်း
လိုက်ပါ။ ဥပမာ ..... သူက 35 လို့ ပြောတယ် ဆိုပါစို့........။
ဒါဆိုရင် ပထမဆုံး ဒီလို 4 x 4 ဇယားကွက် တစ်ခု ရေးဆွဲလိုက်ပါ။
ပြီးရင် လင်္ကာ (၁) အရ 9 ၊ 10 ၊ 11 ၊ 12 ဆိုတဲ့ ဂဏန်းလေးတွေကို အဲဒီ ဇယားကွက်မှာဒီလို ထည့်လိုက်ပါ။
လင်္ကာ (၂) မှာ ငါးလေး တစ်ရှစ် နှစ်ဆဖြစ်လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်ကတော့5,4 ရယ်၊ 1,8 ရယ် နှစ်ဆဖြစ်ဆိုထားလို့ 18 ကို နှစ်ဆပြုရင် 36 ရပါတယ်။ တစ်ခါ 36 ကို
နှစ်ဆပြုရင် 72 ရပါတယ် အဲဒီ ဂဏန်းရှစ်လုံး 5,4 1,8 3,6 7,2 ကို ပထမတိုင်အောက်
နှစ်ကွက်မှာ ၂ လုံး၊ ဒုတိယတိုင်အထက်နှစ်ကွက်မှာ ၂ လုံး၊ တတိယတိုင် ၊ စတုတ္ထတိုင်တွေမှာ
လည်း ဒီလိုပဲ အပေါ်နှစ်ကွက်၊ အောက် နှစ်ကွက် တစ်လှည့်စီ ထည့်သွားရပါမယ် ဒီလိုလေးပေါ့။
ရှုပ်မှာစိုးလို့ နှစ်ပိုင်း ခွဲပြထားတာပါ။ အဲဒီ ဇယားနှစ်ကွက်ကို ပြန်ပေါင်းလိုက်ရင် ဒီလိုဖြစ်သွားပါမယ်။

ဒီအထိ ရှင်းပါတယ်နော် အဲဒါ ပုံသေနည်းကွက်ပါ ဒီဇယားကွက်က အဓိက ကျပါတယ်။
ကိုယ်မှတ်တတ်သလို မှတ်ရင်လည်း ရပါတယ်။ အဲဒီတော့ အထက်ပါ ဇယားကွက်မှာ ဖြည့်စရာ
ဆိုလို့ ၄ ကွက်ပဲ ကျန်ပါတော့တယ်။ အဲဒီ လေးကွက်ကတော့ သူပြောတဲ့ ဂဏန်းအပေါ် မူတည်ပြီး
ပြောင်းလည်း ထည့်သွင်းသွားရမှာပါ။ အဲဒီ လေးကွက်ကို A B C D လို့ နာမည်လေးတွေ ယာယီ
ပေးထားပါမယ်။ ကြည့်ပါ........
လင်္ကာ (၃) မှာ နှစ်ဆယ် နှုတ်က တိုးရေးပါ။ လို့ ဆိုထားတဲ့အတွက် သူပြောတဲ့ 35 ထဲက20 ကို နှုတ်ရပါမယ်။ ဘာ့ကြောင့် 20 နှုတ်ရလည်း မစဉ်းစားပါနဲ့ ဒါလည်း ပုံသေနည်းပါပဲ။ သူ
ဘာဂဏန်းပဲ ပြောပြော 20 နှုတ်ရပါမယ်။ ဒီတော့ 35 ထဲက 20 နှုတ်ရင် 15 ကျန်မှာပေါ့။
အဲဒီ 15 ကို A အကွက်မှာ ရေးရပါမယ်။ တိုးရေးပါလို့ ဆိုတဲ့အတွက် 15 ကို တိုးလိုက်ရင်
16 ရမယ်။ အဲဒီ 16 ကို B အကွက်မှာ ထည့်ရပါမယ်။ 16 ကို ဆက်တိုးရင် 17 ရပါမယ်။
အဲဒီ 17 ကို C အကွက်မှာ ထည့်ရပါမယ်။
နောက်ဆုံး D အကွက်ကို ထည့်ဖို့ကတော့ လင်္ကာ (၄) မှာ ဆိုထားတဲ့အတိုင်း
နောက်ဆုံးမှာတော့ တစ်ပွင့်လျော့ဆိုတဲ့အတွက် 15 ကို တစ်ပွင့်လျော့ရင် 14 ရပါမယ်။
အဲဒီ 14 က နောက်ဆုံး D အကွက်မှာ ထည့်ရမှာပါ။ ဒါဆိုရင် အားလုံးထည့်လိုက်ပြီ။
ကဲ ဒါဆိုရင် အလျားလိုက် ဒေါင်လိုက် ထောင့်ဖြတ် ကြိုက်သလိုပေါင်း 35 ရစေတဲ့ဇယားကွက်တစ်ခု ဖြစ်သွားပါပြီ။ အလျားလိုက်၊ ဒေါင်လိုက်၊ ထောင့်ဖြတ် ပေါင်းမှ 35 ရတာမဟုတ်
သေးပါဘူး ဟောဒီလို ကာလာနဲ့ ၀ိုင်းပြထားတဲ့ အကွက်တွေ ပေါင်းရင်လည်း 35 ရပါတယ်။
ပြီးတော့ ဟောဒီလို ဒေါင့်ဆုံး ၄ ကွက်ပေါင်းရင်လည်း 35 ရပါသေးတယ်။ ကာလာနဲ့ ၀ိုင်းထားတဲ့ အကွက်တွေ ပေါင်းရင်လည်း 35 ရပါတယ်။
အခု တင်ပြခဲ့တဲ့ နည်းကလေးက 25 မှ 100 အတွင်း မည်သည့်ဂဏန်းကိုမဆို ပြုလုပ်နိုင်တဲ့နည်းကလေးပါ။
ကဲ သူငယ်ချင်းတို့ ဒီနည်းလေးကို လေ့ကျင့်ပြီး သင့်သူငယ်ချင်းကို ပြလိုက်ရင် သူ
မအံသြ မချီးကျူးဘဲ မနေနိုင်ပါဘူး။ မကျွမ်းကျင် ခင်မှာတောင် 20 စက္ကန့်လောက်ပဲ ကြာပါတယ်။
ကျွမ်းကျင်သွားရင် 10 စက္ကန့်လောက်နဲ့ ဒီလို ဇယားကွက်မျိုးကို အလွယ်တစ်ကူ ချရေးနိုင်မှာပါ။
ကိုယ်က လေးကွက်ပဲ ဖြည့်ရမှာလေ ကျန်တာက ပုံသေကွက်နဲ့သွားတာပဲ။ ကဲ စိတ်ဝင်စားရင်
နောက်တစ်ခေါက်လောက် ဖြေးဖြေး ပြန်ဖတ်ပြီး တစ်ခြား ကိန်းဂဏန်းလေးတွေနဲ့ ပြောင်းလည်းပြီး
နဲနဲလောက် လေ့ကျင့်လိုက်ရင် အလွယ်တကူ ရမှာပါ မခက်ပါဘူး။
သူငယ်ချင်းတို့ ပျော်ရွှင်ပါစေ........
လေးစားစွာဖြင့်
doll lay
ကိုသန်းဇော် ဆီမှ ကူးဖော်ပြထားသည်...
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ