ခုလိုဆောင်းရာသီတွင် ကျန်းမာနေစေဘို့ဆိုရင်
ဆောင်းရာသီတွင် ကျန်းမာစေရန်စားသုံးပါ
နေကြာစေ့
နေကြာစေ့ခွက်ရဲ့ လေးပုံတစ်ပုံခန့်မှာ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အီးပမာဏ အပြည့်အဝပါဝင်နေပါတယ်။ အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်တဲ့ ဗီတာမင်အီးဟာ အအေးမိခြင်းနဲ့ အသက်ရှူလမ်းကြောင်း ကူးစက်ပိုးဝင်ခြင်းတွေကို ဖယ်ရှားပေးပြီး ခုခံအားစနစ်ကောင်းမွန်စေတဲ့ ဆဲလ်တွေကို သန်စွမ်းစေပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်ရဲ့ အဓိက ကိုယ်ခံစွမ်းအားစနစ်ဆဲလ်တွေဖြစ်တဲ့ Natural Killer Thelper ဆဲလ်တွေရဲ့ လုပ်ဆောင်မှုကို အားကောင်းစေပါတယ်။
ဒိန်ချဉ်
တစ်နေ့မှာ ဒိန်ချဉ်ခွက်ရဲ့ လေးပုံသုံးပုံခန့်သောက်တဲ့ အရွယ်ရောက်သူတွေဟာ ဒိန်ချဉ်မသောက်သူတွေထက် အအေးမိဝေဒနာ ၂၅ ရာခိုင်နှုန်းလျော့နည်းကြောင်း ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ တစ်နှစ်ကြာလေ့လာမှုအရ သိရပါတယ်။
အဆီနည်းအမဲသား
အဆီနည်းအမဲသားမှာ ရောဂါတိုက်ခိုက်ပေးရာမှာ အရေးပါတဲ့ သွေးဖြူဆဲလ်ဖြစ်ပေါ်စေတဲ့ မရှိမဖြစ် အာဟာရဇင့်ဓာတ် (Zinc) အများအပြား ပါဝင်နေပါတယ်။
တူနာငါး
တူနာငါးမှာ အိုမီဂါသရီး ဖက်တီးအက်စစ်ပါဝင်တာကြောင့် သွေးဖြူဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ တူနာငါးမှာ ဇင့်ဓာတ်၊ ဗီတာမင်အီးနဲ့ ဆီလီနီယမ်တို့ ပေါများစွာ ပါဝင်နေတာကြောင့် Natural killer ဆဲလ်တွေကို တိုးပွားစေပါတယ်။
ရေသောက်ရန် မမေ့ပါနှင့် ရေမှာ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်တဲ့ အာနိသင်ရှိသလို ခန္ဓာကိုယ်မှ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ် တွေကို စုပ်ယူရရှိနိုင်ဖို့ ရေကို လိုအပ်နေပါတယ် ။
Mg Mandalay
Health
Shared by>>> http://www.facebook.com/nangmy.nangmy

0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ