All Antivirus Software Uninstall Tool
ဘလော့မိတ်ဆွေများအားလုံး မင်္ဂလာပါ! အခုကျနော်ဘလော့မိတ်ဆွေများအတွက်
သေချာထိန်းသိမ်း ထားရမယ့်လက်ဆောင် RAR အထုပ်လေးတစ်ထုပ် ကို ပေးချင်ပါတယ်.
ကျနော်စုဆောင်းထားသမျှ အကုန်လုံးပါဘဲ .တခြားတော့မဟုတ်ပါဘူး ကျနော်တို့ ယနေ
့ခေတ်ကွန်ပျူတာ တိုင်းမှာ မရှိမဖြစ်ဆော့ဝဲလ် ကတော့ antivirus software
တွေဖြစ်ပါတယ်။ အဲဒီ မိမိ အသုံးပြုနေတဲ့ ဆော့ဝဲလ်ကို အကြောင်း
အမျိုးမျိုးကြောင့် ဖယ်ထုတ်ချင်တယ်ဆိုရင် မိမိ တို့ ဝင်းဒိုးထဲက
"Add/Remove Programs" ( Programs and Features) မှာ ဖယ်ရှားနိုင်သော်လည်း
အချို့ antivirus software တွေကို ပြီးပြည့်စုံ အောင် မဖယ်ပေးနိုင်တဲ့
အတွက် antivirus software အသစ် ကို install လုပ်လို့ မရတဲ့ ပြဿနာ
တွေဖြစ်လာ ပါတယ်။ ဒီလိုအမျိုးမျိုးသော antivirus software တွေကို သေချာဖယ်
ထုတ် နိုင်ဖို့ အတွက် antivirus software ( uninstall & remover )
tool အမျိုးအစားပေါင်း ( ၁၈ ) မျိုးကို စုပေါင်းပြီးတင်
ပေးလိုက်ပါတယ်.ကျနော်စုပေါင်းထားတဲ့ antivirus software ( uninstall &
remover ) tool အမျိုးအစား တွေကို အောက်မှာ ဖေါ်ပြပေးပါမယ်။
{ Windows Live One Care| Norton| BitDefender | Kaspersky | NOD32 | Trend Micro PC-Cillin | McAfee |F-Secure | Quick Heal | avast! | AVG | avira | Panda | CA | Norman | Malwarebytes' Anti-Malware | SUPERAntiSpyware }တို့ ဖြစ်ပါတယ်။ Windows XP / 2003 / Vista / Windows7 / XP64 / Vista64 / Windows7 64 တွေမှာအသုံးပြုနိုင်ပါတယ်။
အသုံးပြုချင်တဲ့မိတ်ဆွေများအောက်မှာ download ယူနိုင်ပါတယ်...
{ MF - password: nayminkhit }
ကျေးဇူးတင်ပါတယ်...
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ