Friday, October 12, 2012

အမုန်းဒဏ်သင့် နှလုံးသား


အချစ်နဲ့အမုန်း အားပြိုင်ပွဲမှာ
ငါ့နှလုံးသားဟာ အမုန်းဒဏ်သင့်ခဲ့
ဒဏ်ရာတွေကို ပုဝါနဲ့ထုတ်
အချစ်တွေကို
ရန်သူလိုသတ်မှတ်ပြီး အဝေးကိုနှင်
အလွမ်းတွေကို  သူငယ်ချင်းအဖြစ် မိတ်ဆွေဖွဲ့
ချစ်ခြင်းကို တေးဖွဲ့သီတဲ့ ချစ်သူများနေ့မှာ
အဝေးကိုထွက်ပြေးခဲ့တာ
အချိန်အားဖြင့်တော်တော် ကြာခဲ့ပြီ
အချစ်နဲ့အမုန်း အရှုံးမပေါ်တဲ့
ဒီပြိုင်ပွဲမှာ ဒဏ်ရာတွေရခဲ့တဲ့
ငါ့နှလုံးသားအတွက်ရင်နာလိုက်တာကွာ………

                                    ညီလင်းဟိန်း(Adin Group)

0 comments:

လိုအပ်ချက်တွေရေးခဲ့ပေးပါ

uptodate သတင်းများ

နောက်ဆုံးရသတင်းများ