မျက်မှောက်ခေတ်အင်တာနက်နှင့် မြန်မာစကားပုံ ....
(1) ကျားနေမြဲ ပိုနေမြဲ - Gateway များပြုပြင်ပြီးသွားသောအခါ နဂိုအတိုင်းပြန်ဖြစ်သွားသော ကွန်နက်ရှင်ကို ဆိုလိုသည်။
(2)ကိုယ့်ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ချင် - Connection မကောင်းလျက်နဲ့ Facebook ဗီဒီယိုများကြည့်လိုခြင်းကို ဆိုလိုသည်။
(3) ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း - Connection ကောင်းရာ အင်တာနက်ဆိုင် ကိုပြောင်းသုံးသည်။
(4) ညောင်ဦးကမ်းပါးပြို စမ္မနဂိုက နွားမပေါင်ကျိုး - မိုးခြိမ်းသဖြင့် အင်တာနက်လိုင်းကျသွားသည်....
(5) တစ်ခါသေဖူး ပျဉ်ဖိုးနားလည် - ဒုတိယအကြိမ် ကွန်ပျူတာသွားဝယ်ခြင်း
(6) တစ်ရွာ တစ်ကျီဆောက်သည် - ရောက်ရာ ဆိုဒ်၊ ရောက်ရာ နေရာတွင် အကောင့်များစွာဖွင့်သည်
(7) ဒူးလောက်တင်မှ ရင်လောက်ကျသည် - Download ဆွဲနေစဉ် ကြာမည့်အချိန်တွင် ပေါ်သော နာရီဂဏန်းကို ဆိုလိုသည်
(8)ပန်းထိမ်မတတ်ခင် ရွှေခိုးသင် (ဝမရှိပဲ ဝိလုပ်သည်) - မြန်မာစာလက်ကွက်ကို ကောင်းစွာ မရိုက်တတ်သေးပဲ ချက်တင်ပွားချင်သူများကို ဆိုလိုသည်။
(9) ဝက်ဖြစ်မှ မစင်မကြောက်နှင့် - အင်တာနက်သုံးမှတော့ ထိုင်စောင့်ရမှာ မကြောက်ပါနဲ့။
(10) အရူးမီးဝိုင်းသလို - တပြိုင်တည်း G-talk 20 ဦး ခန့် ကိုပြောခြင်း
(11)ပျက်အစဉ် ပြင်ခဏ - MPT (ဟိုတလောက လိုင်းတွေပြင်တုန်းက အင်တာနက်အရမ်းကောင်းသည်)
(12)ဘုရားလည်းဖူးရင်း လိပ်ဥလည်းတူးရင်း - ဒေါင်းလုပ်ဆွဲထားရင်း ချက်တင်ပွားခြင်း
(13) မမှားသောရှေ့နေ၊ မသေသောဆေးသမား - မကျဖူးသော ကွန်နက်ရှင်လိုင်း....
(14) မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည် - နေ့လည်ပိုင်းကြီးကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။
(15) လယ်ထွန်သွား နွားမေ့ - အင်တာနက်သုံးရန်သွားရာ Facebook, G-mail account Password များမေ့နေခြင်းကို ဆိုလိုသည်။
(16)လင်းတလောက်တော့ ငှက်တိုင်းလှသည် - လင်းတ = မြန်မာပြည် ကွန်နက်ရှင်
(17)ဂါထာပေး တေးဖြစ် - မြန်မာနိုင်ငံတွင် MS Office 2007, 2010 စသည်တို့ကို ဖောဖောသီသီ သုံးစွဲခြင်းကိုဆိုလိုသည်။
(18)ငါးစိမ်းမြင် ငါးကင်ပစ် - ပထမ Dial-up, နောက် Broad Band, ADSL, IP star, WiMax, CDMA 800Hz, McWiLL, Sky Net, FTTX စသည်ဖြင့် အဆင့်ဆင့် ပြောင်းလဲ ခြင်းကို ဆိုလိုသည်။
(19)စိန်ကောင်း ကျောက်ကောင်းရောင်းဝယ်ရာ ဆေးရိုးသည်ကန့်လန့် - ဆေးရိုးသည် = Access Denied Page
(20)ဆင့်ပါးစပ် နှမ်းပက် - ဆင့်ပါးစပ် = Internet Users နှမ်း = Internet Bandwidth
(21)ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိသည် - ကောင်းမလားလို့ Windows 7
(64-bits) ပြောင်းတင်ကာမှ Drivers ရှာမရတာနဲ့ တိုးနေသည်။
(22)နဂိုရှိမှ နကိုင်းထွက်သည် - Laptop အဟောင်းကို ပစ္စည်းထည့်၊ မွမ်းမံနေရုံဖြင့် သိသိသာသာ ပိုမမြန်နိုင်၊ ပိုကောင်းသာ အသစ်ဝယ်မှရမည်။
(23)ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင် - ဘန်းဆိုက်များကို proxy ဆိုဒ်ဖြင့် ကျော်ကြည့်နိုင်သော်လည်း ထို proxy ဆိုဒ်ကိုပါ ပိတ်ထားသောအခါ...
(24)ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံ - ကွန်နက်ရှင်ကောင်းမှ အင်တာနက် အရသာကိုသိနိုင်သည်။
(25)မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည် - နေ့လည်ပိုင်းကြီး ကွန်နက်ရှင်ကောင်းနေခြင်းကို ဆိုလိုသည်။
(26)လသာတုန်းဗိုင်းငင် (မိုးရွာတုန်းရေခံ၊ အချိန်ရှိခိုက် လုံ့လစိုက်၊ အချိန်နှင့် ဒီရေသည် လူကို မစောင့်) - ညဥ့်နက်သန်းခေါင် လူများအိပ်ချိန် ဒေါင်းလုပ် ထဆွဲခြင်းကို ဆိုလိုသည်။ လင်းကြက်တွန်လျှင် လိုင်းပြန်ကျတော့မည်။ (ကွန်နက်ရှင် လဲ သရဲကားထဲက သရဲတွေလိုပဲ။ နေ့ပိုင်းပျောက်နေ။ ညပိုင်းပေါ်လာ.. မိုးလင်းလျှင် မရှိတော့)
(27)သန်းခေါင်ထက် ညဥ့်တိုးမနက် - Connection Speed ဟူသည် 0KB/s သာရှိသည်။ -5KB/s ဟူ၍ မရှိပါ။
(28)သေချင်တဲ့ကျား၊ တောပြောင်း - မြန်သည်ဟုပြော၍ EVDO ပြောင်းသုံးကာမှ လိုင်းကျတာနဲ့ချည်းတိုးနေသည်။
(29)အငိုလွယ်လျက် အရှိုက်ခက်သည် - Download လွယ်သလောက် Upload ခက်သည်။
(30)အရေးကြီးတော့ သွေးနီးရာ - အင်တာနက်သုံးသူအချင်းချင်း ကောင်းတာလေးတွေ၊ Proxy, softwares စသည်ဖြင့် မျှဝေသည်။
(31)အကြံတူရန်သူ - အင်တာနက်ဆိုင်တွင် ၂ယောက်တပြိုင်တည်း ဒေါင်းလုပ်ပြိုင်ဆွဲသည်။
(32)အနာပေါ်တုတ်ကျသည် - ဤစာကို MPT မှ လူများဖတ်သည့်အခါ ဖြစ်မည့်ပုံစံ.. :D
ဒီပိုစ့်ကို ရေးထားတဲ့ လူဟာ တော်တော် ဥာဏ်သွားတဲ့ လူလို့ ဆိုရမှာပဲ
ရေးထားတာတွေက လက်ရှိအခြေအနေကိုလဲ ထင်ဟပ်နေတယ်
လက်ရှိဒုက္ခတွေကို ဟာသလေးနဲ့ရောလိုက်တော့ ခံစားနေကြရတာ ပေါ့သွားသလိုပါပဲ
ဖတ်ဖူးပီးသားလဲ..ဖြစ်ချင်ဖြစ်မှာပါ
မဖတ်ဖူးသေးတဲ့သူတွေ..အပျင်းပြေဖတ်ရအောင်တင်ပေးလိုက်ပါတယ်.......
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ