BlueScreen Error ကို ဖြေရှင်းနည်း
Gtalk မှ ညီလေး တစ်ယောက်တောင်းလို့ တင်ထားပါတာပါ။ ကျွန်တော် သယ်ရင်းတစ်ယောက်လဲ ဖြစ်ခဲ့ဖူးပါတယ် ။အခုတင်ပြမှာကတော့ ကျွန်တော် သူငယ်ချင်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို ပြန်လည်
ဝေငှာမှာဖြစ်ပါတယ်။ ဒါပေးမဲ့ Computer ကို
ခဏပိတ်ပြီး ပြန်ဖွင့်ရင်တော့အကောင်းဘဲ။ နောက်တစ်ရက် နှစ်ရက်နေရင်လည် ဘာမှ
မဖြစ်ပြန်ဘူး။ နောက်ပြန်ဖြစ်ပြန်ရော။ ဒါနဲ့ ဘာများဖြစ်တာလဲပေါ့။ Blue Screen Error ကို ဖြေရှင်းဖို့ အတွက် အောက်က Software ကို လမ်းညွှန်တယ်။ ဒါနဲ့ စမ်းသပ်ကြည့်တယ်။ အခုတော့ အဆင်ပြေသလို ခံစားရတယ်။ ဒါကြောင့် ကျွန်တော်သူငယ်ချင်းလို ကျွန်တော် သူငယ်ချင်းများ ဖြစ်ခဲ့ရင် ကျွန်တော်လို ခေါင်းမစားရအောင် အလွယ်သုံးဆောင်နိုင်ဖို့ ဝေငှာပေးလိုက်ပါတယ်။
1. Blue Screen Of Death ကို Download အရင် ချလိုက်ပါ။
2.ပြီရင် Blue Screen Icon ပေါ်မှာ Right click ထောက်ပြီ Install ကိုနိုပ်လိုက်ပါ.။ ကျွန်တော်တို့ အထပ်မှာ ပြထားတဲ့ ပုံပါအတိုင်း ဖြစ်သွားပါမည်။ စိတ်မပှုပါနဲ့ ခဏ စောင့်ပါ။ Windows Logo တက်လိုက် အပေါ်က Error ပုံစံတက်လိုက် ဖြစ်နေပါမည်။ Keyboard က Key တစ်ခုခု နိုပ်လိုက်ပါ။ ပုံမှန်ပြန်ဖြစ်သွားပါမည်။
3.ပြီရင် Blue Screen Icon ပေါ်မှာ Right click ထောက်ပြီ Configure ကို click လိုက်ပါ။
4.ပြီရင် fake disk activity ကို အမှန်ခြစ်ပေးပြီး OK ပေးလိုက်ပါ။ ဒါဆို ပြီးသွားပါပြီ။ ကျွန်တော်သူငယ်ချင်းလို အထပ်ပါ Error မျိုး ကြုံခဲ့ရင် အလွယ်ဖြေရှင်းနိုင်အောင် ဝေငှာပေးခြင်းဖြစ်ပါတယ်။

0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ