Wednesday, August 15, 2012

ရင်တွင်း ခံစားချက်

ငါလေ...
မင်းမျက်နှာကို တစ်နေ့တစ်ကြိမ်
မော်ဖူး ခွင့်ရချင်စိတ်နဲ့ ရူးခဲ့တဲ့ သူပါ....
အကြည့်လဲ့လဲ့တွေအတွက်
ဆယ်သက် ဆယ်ဘဝစာ လရောင်လေးနဲ့
ကျိတ်ပုန်းလွမ်းမယ်....
ကျန်နေခဲ့ပေမယ့်လည်း ဆက်ချစ်နေခွင့်တော့ ရှိတယ်မဟုတ်လား....။

ဦးဦးဖျားဖျား ဆိုတဲ့ ခံစားမှု အသိနဲ့
ကြွေမွနေတဲ့ ဒီရင်ခွင်မှာ
ရင်ခုန် သံတွေ ပြာမဖြစ်သေးပါဘူး
မင်းမျက်ဝန်းတွေထဲ အိပ်မော ကျဖို့အရေး
အသက်ပေး ရ ပစေဦး ငါစောင့်ချင်တယ်...
လေတိုက်လို့ လှုပ်ခတ်တဲ့ သစ်ရွက်လေးတွေကို
အချစ်စစ်ထင်ခဲ့တဲ့ငါ.....
အပေါစားအနမ်းတွေကြောင့်
ပျောက်ရှသွားခဲ့တဲ့ ချစ်သူက
ဘယ်လို တောင်းပန်မှ ခွင့်လွှတ်မှာလဲ ..
မြို့ ရိုး နဲ့ကျုံးကြီး ကို သက်သေတည်ရင်း
အနမ်းတမျှ နူးညံ့တဲ့လေပြည်တွေထဲမှာ
ချစ်ရသူနဲ့ ချစ်ခဲ့တဲ့ ဘဝလေးကို ပြန်ရှာဖွေဆဲပေါ့..
ချစ်သူရေ....ငါခံစားရသလို မခံစားရပါစေနဲ့
ငါသတိရနေသလို သတိမရပါစေနဲ့
အရိုးဖြောင့်ဆုံး နှလုံးသားနဲ့ ဆုတောင်းပေးပါရဲ့
ငါ့စေတနာတွေ အရောင်လက်ခဲ့ရင်
တစ်ဘဝမှာ တစ်ခါပဲ
ချစ်သူနဲ့ လွဲပါရစေ.....။

                                            မေသဲ mdy
                                          prettysweetgirl610@gmail.com

0 comments:

လိုအပ်ချက်တွေရေးခဲ့ပေးပါ

uptodate သတင်းများ

နောက်ဆုံးရသတင်းများ