ပိုချမ်းသာအောင်
အမေသည် အိမ်၏ ဝင်ငွေယိုပေါက်များကို ပိတ်ရန်
ကြိုးစားနေပြီး ပိုက်ဆံ ချွေတာရန် အစွမ်းကုန်ကြိုးစားသည်။ တစ်နေ့တွင်
အဝတ်အစားများကို လူငှားလျှော်မည့်အစား သူ့ဟာသူလက်ဖြင့် လျှော်ဖွပ်လိုက်သည်။
အင်္ကျီတစ်ထည်လျှော်ပြီးသွားသောအခါ အမေက ဂုဏ်ယူစွာဖြင့်
အဖေ့ဘက်သို့ လှည့်၍
“ဖရက်ဒ်ရေ ဒီအင်္ကျီကို ကျွန်မကိုယ့်ဘာသာကိုယ့်လက်နဲ့ လျှော်လိုက်လို့ ကျွန်မတို့ ငါးဒေါ်လာပိုချမ်းသာသွားပြီရှင့်” ဟု ပြောလိုက်ရာ အဖေက . . .
“အေး ကောင်းသားပဲကွ။ အဲဒီ့အင်္ကျီကို နောက်တစ်ခေါက်ထပ်လျှော်ကွာ” ဟု ဆိုလိုက်ပါသည်။

0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ