အချစ်(သို့မဟုတ်)ဖြည့်ဆည်းခြင်း
သူကျေနပ်ပါစေ
မုန်းသမျှဒဏ် ခါးစီးခံရင်း
စိတ်ဝယ်တမ်းတ မပိုင်၇လည်း
၇ှိပါစေတော့ သူသဘောပဲပေါ့
သူ့မျက်နှာမြင်ချင်စမ်းဘိ
ဒါပေမယ့်ကွယ်
သူ့အနားမှာ ငါမှမရှိစေချင်ဘဲ
ဝေဒနာမြိုသိပ် တိတ်တဆိတ်
ထွက်ခွါ
ဟိုး…….. အဝေးဆုံးနေရာမှာ
ငါ့ခြေ၇ာတွေ အပ်ကြောင်းထပ်ပေါ့
သူကျေနပ်ပါစေ
ချစ်မိသည့်အသည်း တွယ်မိသည့်မေတ္တာ
လွမ်းတတ်သည့် သစ္စာကြောင့်
အိပ်မက်ဆိုးတွေ ကြမ်းရှရှဝေဒနာတွေကို
မြိုသိပ်၇င်း……..
ဈာန်လင်း(Adin
Group)
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ