မောလို့ပါ
ရဲကားတစ်စီးဟာ အဘွား
ဘတ်စီရဲ့ နေအိမ်ရှေ့ကို ထိုးဆိုက်လာပြီး အထဲကနေ အဘိုးမော်ရစ် ထွက်လာပါတယ်။
ကားမောင်းလာတဲ့ ရဲသားက အဘိုးအိုဟာ ပန်းခြံထဲမှာ လမ်းပျောက်နေပြီး အိမ်ကို ဘယ်လိုပြန်ရမှန်းမသိဘူးလို့ ပြောတာကြောင့် ပြန်လိုက်ပို့တာပါလို့ အဘွားအိုကို ရှင်းပြလိုက်ပါတယ်။
အဲဒီအခါ အဘွားက "အိုး .. မော်ရစ် ..ရှင်အဲဒီပန်းခြံကို နှစ် ၃၀ ကျော်လောက် အမြဲသွားနေတာ
မဟုတ်လား။ ဘယ်လိုဖြစ်ပြီး လမ်းပျောက်ရတာလဲ"လို့ အံ့ဩတကြီး မေးခွန်းထုတ်လိုက်ပါတယ်။
အဲဒီအခါ အဘိုးက အဘွားနားကပ်ပြီး ရဲသား မကြားအောင် တိုးတိုးလေး ပြောလိုက်တာက "ကိုယ် ... လမ်း မပျောက်ပါဘူး.. မိန်းမရယ်။ အိမ်ကို လမ်းလျှောက်ပြန်ရမှာ မောလို့ပါ' တဲ့။

ဟားဟား ....တော်လိုက်တဲ့အဘိုးအိုပဲနော်
ReplyDelete