ခဏလေး ပြောမှာပါ
လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကပါ။ လမ်းဘေးဖုန်းဆိုင်(P.C.O)တစ်ခုဆီသို့ တောနယ်က အရပ် ထောင်ထောင်မောင်းမောင်းနဲ့ လူကြီးတစ်ယောက် ရောက်လာပါတယ်။ ပုံစံက အတော်ရိုးအမယ့်ပုံပါ။ ဖျင်ကြမ်း ပုဆိုးကြီးကို ခေါင်းပေါင်းထားပြီး ခပ်နွမ်းနွမ်းလွယ်အိတ်တစ်လုံးကို လွယ်ထားပါတယ်။ ပါးစပ်ကလည်း ဦးဖိုးထိုက် ဆေးလိပ်မြီးတိုကြီး ခဲထားပါတယ်။
ခပ်လောလောနဲ့
ရောက်လာပြီး လွယ်အိတ်ထဲက ခပ်နွမ်းနွမ်းဗလာစာအုပ်ကို အမြန်ဖြဲလှန်ပြီး “ဟဲ့ ကလေးမ..ဒီဖုန်းကို
ခေါ်ပေးစမ်းပါ” လို့ ပြောလိုက်ပါတယ်။ ဘေးက လူတွေကလည်း အသာ ကြည့်နေရင်း ဖုန်းပြောနေပါတယ်။
သူတို့က မတိုးအကျယ်အသံတွေနဲ့ ပြောနေတာပါ။
ဆိုင်ကောင်မလေးက
“ ဦးကြီး ဖုန်းက မအားသေးဘူး…လို့ ပြောနေတယ်” ဆိုပြီး ဖုန်းပြန်ချမယ်လုပ်ခိုက်
ထိုလူကြီးက ကောင်မလေးလက်ထဲက ဖုန်းကို ဆတ်ကနဲ ဆွဲယူပြီး နားထောင် လိုက်ရာ ဖုန်းထဲက “လူကြီးမင်း
ခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင်” ဆိုတဲ့ အသံကိုလည်း ကြားရော သူက ချက်ချင်းပဲ
အသံကျယ်ကျယ်နဲ့ “အေး…မအားသေးလဲ ခဏလေးပြောမှာပါလို့ ပြောလိုက်စမ်းပါ” လို့ အော်ပြောလိုက်ရာ
ဘေးက လူများ တ၀ါးဝါးဖြစ်ကုန်ပါတော့တယ်။
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ