ခေတ်နဲ့အချစ်
ကိုယ်နဲ့မတည့်တဲ့
လူအကြောင်းပြောရမှာလဲ
မြေခွေးစပျစ်သီးချဉ်သလို
အနာပေါ်တုတ်မကျပေမယ့်
တုတ်ကိုအနာရှိရက်နဲ့
သွားကန်မိတာများ၇ဲ့
ကိုယ့်အိတ်ကပ်မှာ
ကြာကြာမနေတော့
ဘေးနားကတော့လူကလည်း
အဝေးကို ဒိုးချင်သလိုပဲ
မတည်မြဲချင်းကို
သစ္စာလို့အဓိပ္ပာယ်ဖွင့်ကြမှာတော့
ပခုံးပေါ်က
နှလုံးသားကို
ဘယ်သူက
အလေးခံသယ်မှာလဲ
အချစ်နဲ့ပတ်သတ်ရင်
တစ်ယောက်တစ်ဘာသာစီ
မေးခွန်းအားလို့
ဖြေရင်လည်း
ကိုယ်ကဒဿဂီရိ
ဖြစ်သွားမယ်
နံပါတ်သိရင်ကို
ပျော်ရမယ့်ခေတ်မှာ
သူတို့နှစ်သက်ရာ
လူကို
နံပါတ်ထိုးပြီး
ခေါင်းစဉ်တင်ပေးခဲ့ရင်ကို
တော်လှပြီ………………………..။
ညီဇွန်မင်းခ
Adin poem entertainment
nyizunminkha@gmail.com
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ