ဆူးရှိစံပယ်
ရင့်ရော်တဲ့
ဆည်းဆာမှာ
အိုဟောင်းခဲ့ပေမယ့်
သစ်လွင်နေတဲ့ ဒဏ်ရာ
နှုတ်ခမ်းအပြုံးနောက်က
မညီမညာသွား
ဒေါင်းကသလို
ရှေ့ကတော့လှပါရဲ့
အပူဒဏ်ခံရတဲ့
အပင်မှာဆူးနဲ့
ဒီရင်ဘတ်နဲ့
မမျှအောင်ခံရတဲ့
ငါ့မှာ……….
သူချစ်တတ်အောင်
သင်ပေးတယ်
နာကျည်းတတ်အောင်
ကစားပေးတယ်
မုန်းတီးတတ်အောင်
လမ်းကြောင်းပြတယ်
ကဗျာတစ်ပုဒ်
ဖြစ်အောင်လဲ
ဖန်တီးသွားရဲ့…………
ဈာန်လင်း(Adin
Group)
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ