ဆယ်ကျော်သက်များ အင်တာနက် အလွန်အကျွှံသုံးလျှင် ဦးနှောက်ကို ထိခိုက်နိုင်
ဆယ်ကျော်သက်များ အင်တာနက် အလွန်အကျွှံသုံးခြင်းသည် ဦးနှောက်၏ စွမ်းဆောင်ရည်ကို ထိခိုက်စေကြောင်း တရုတ်
နိုင်ငံရှိ တက္ကသိုလ်များနဲ. ဆေးရုံများမှ သုတေသနရှင်များ၊ သိပ္ပံရှင်များ၏ လေလာမှု တစ်ခု အရ သိရသည်။ သိပ္ပံရှင်များ၏ တွေ.ရှိချက်အရ
အင်တာနက်သုံးချိန် ကြာမြင့်လေလေ အာရုံစူးစိုက်နိုင်စွမ်းနှင့် မှတ်ဥာဏ်အပေါ် သက်ရောက်မှု ဦးနောက်ကို ထိခိုက်လေလေ ရှိစေရုံသာမက
ဆုံးဖြတ်ချက်များ ချနိုင်စွမ်း၊ ရည်မှန်းချက်များ ချနိုင်စွမ်းကို လျော့ကျစေကာ ပုံမှန်မဟုတ်သည်. အပြုအမူများ ဖြစ်ပေါ်စေတတ်သည်ဟု
ဆိုသည်။ သုတေသနပြုမှုတွင် တနေ.လျှင် ၈ နာရီမ ၁၃ နာရီအထိ အင်တာနက်ဂိမ်း သုံးစွဲသည်. ၁၉ နှစ်ရှိ တက္ကသိုလ်ကျောင်းသားပေါင်း
၁၈ ဦး၏ ဦးနှောက်ကို MRI Brain Scan များ ရိုက်ပြီး လေလာခဲ.သည်။ ငုင်း ကျောင်းသားအုပ်စုနဲ. တစ်နေ.လျှင် ၂ နာရီသာ သုံးသော
ကျောင်းသားများနှင့် နှိုင်းယှဉ်လေ့လာခဲ.ရာ ဦးနှောက်၏ ဥာဏ်ရည်ခံစားမှု၊ အကြား၊အမြင် စသည်တို.ကို လုပ်ဆောင်ပေးသည်. Grey
matter အစိတ်အပိုင်းသည် အင်တာနက် သုံးလေလေ မျက်နှာပြင် ကျုံ.လာလေလေ ဖြစ်သည်ကို တွေ.ရှိခဲ.ရသည်။ ထို.အပြင်
နာဗ်ကြောစနစ်တွင် Grey matter ဧရိယာ အသီးအခြား သတင်းပေးပို.ပေးသော ဦးနှောက်အတွင်းပိုင်း တစ်သျှူးWhite matter များပါ
ပြောင်းလဲစေသည်. သက်ရောက်မှု ဖြစ်စေသည်ဟု ဆိုသည်။ ထိုသို.ဆိုးကျိုးများ ဖြစ်ပေါ်စေလျှက်ရှိသည်.
အင်တာနက်ကြည်.ချိန်များလွန်းခြင်းသည် ကလေး၏ ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်လျှက်ရှိသည်။ တရုတ်နိုင်ငံတွင် ခုံမင်လွန်းသည်.
လူငယ်ပေါင်း ခန်.မှန်းခြေ ၂၄ သန်းအထိ ရှိသည်။( From Popular News Journal)

0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ