Sunday, August 5, 2012

ကူညီပေးတာပါ ကျေးဇူးပါ

ကပွဲကိုသွားမယ့် ကောင်မလေးတစ်ယောက်ဟာ အဖွားအိမ်ဝင်ပြီး သူ့ချစ်သူကို မိတ်ဆက်ပေးလိုက်ပါတယ်။
မြေးအဖွားနှစ်ယောက် စကားကောင်းနေစဉ်မှာ ကောင်လေးဟာ စားပွဲပေါ်က မြေပဲစေ့တွေကို သတိထား မိသွားပြီး ပျင်းပျင်းနဲ့ ကောက်ဝါးနေလိုက်ပါတယ်။

တစ်နာရီလောက်စကားကောင်းနေ ပြီးမှ နှစ်ယောက်သား အဖွားအိမ် ကနေ ပြန်လာခဲ့ကြပြီး မပြန်ခင်မှာ အဖွားကို သူ့အပေါ် ပျူပျူငှာငှာနဲ့ ဧည့်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ မြေပဲတွေစားရတဲ့ အတွက် လည်း အရမ်းကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါတယ်။
အဲဒီအခါ အဖွားက ကောင်လေးကို အားပါးတရ ပြန်ပြောလိုက်တာက
"အိုး -မလိုပါဘူးကလေးရယ်။ အဖွားကတောင် မြေပဲတွေကို အကုန် ရှင်းပေးလိုက်တဲ့အတွက် မင်းကို ကျေးဇူးပြန်တင်ရဦးမှာ။ အဖွားရဲ့ အံကပ် ပျောက်သွားကတည်းက မြေပဲတွေကို မ၀ါးနိုင်လို့ အပေါ်က ချောကလက်လေးကိုပဲ စုပ်စားပြီး မြေပဲတွေကို ဒီတိုင်းပဲ ကြည့်နေရတာ ကွဲ့"တဲ့။

0 comments:

လိုအပ်ချက်တွေရေးခဲ့ပေးပါ

uptodate သတင်းများ

နောက်ဆုံးရသတင်းများ