အမှန်တကယ် ငွေရရှိနိုင်မည့် application တစ်ခုကို Facebook တို့ စတင်လွှင့်တင်
From : MRTV4
လူမှုရေး ကွန်ရက် ဝက်ဆိုက်ကြီး ဖြစ်သည့် Facebook မှာ ၎င်းတို့၏ ပထမဆုံး လောင်းကြေးဖြင့် ကစားနိုင်မည့် ကစားနည်း တစ်ခုကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ လန်ဒန် အခြေစိုက် အွန်လိုင်း လောင်းကစား လုပ်ငန်းကြီး ဖြစ်သည့် Gamesys မှာ Bingo Friendzy ခေါ် အသက်
၁၈ နှစ် ပြည့်ပြီးသူများ ကစားနိုင်မည့် application တစ်ခုကို မိတ်ဆက်လိုက်ကာ ပြိုင်ပွဲဝင်များအတွက် တကယ့် ဆုကြေးငွေများကို ရရှိစေမည် ဖြစ်ကြောင်းလည်း သိရသည်။
ယခုလို လွင့်တင်မှု အတွက် ဗြိတိန်မှ အသင်းဝင်များသာ ကစားနိုင်လိမ့်မည် ဖြစ်ကြောင်းလည်း သိရသည်။ facebook ၏ အဓိက ဂိမ်းလုပ်ငန်း ဆက်စပ်သူ Zynga မှာ ၎င်းတို့ အနေဖြင့် အမှန်တကယ် ငွေကြေး ရရှိစေမည့် လောင်းကစားနည်းများကို အွန်လိုင်းမှတစ်ဆင့် လာမည့် နှစ်အတွင်း မိတ်ဆက်သွားမည် ဖြစ်ကြေင်းလည်း သိရသည်။ ယခုလို လုပ်ဆောင်ချက်များနှင့်အတူ Facebook မှ ပြောရာ၌ ၎င်းတို့ အနေဖြင် အသက်မပြည့်သေးသူများ မကစားနိုင်စေရန် အတွက် age-gating ခေါ် နည်းပညာကို သုံးပြီး စစ်ဆေးမှုများ ပြုလ်ုသွားမည် ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။

0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ