Monday, July 30, 2012

မေမေစားလိုက်ပြီ

ခြောက်နှစ်သားလေး တော်မီဟာ သူ့မှာ ညီလေး (သို့မဟုတ်) ညီမလေး မကြာခင်ရတော့မယ်လို့ သူ့ရဲ့ဆရာမကို အမြဲတမ်း ပြောပြနေတာ ရက်ပေါင်းတော်တော်ကြာနေပါပြီ။
တစ်နေ့တော့ သူ့အမေက တော်မီကို ဗိုက်ထဲကမမွေးသေးတဲ့ ကလေးလေးရဲ့လှုပ်ရှားမှုကို နားနဲ့ကပ်ပြီး နားထောင်ကြည့်ခိုင်း လိုက်ပါတယ်။

အသံတွေကြားရလို့ တော်တော်ကြီးကို အံ့ဩသွားတဲ့ တော်မီလေးက မိခင်ကိုတော့ ဘာမှပြန်မပြောပါဘူး။
ဒါ့ပြင် ကျောင်းမှာ သူအစ်ကိုဖြစ်ရတော့မယ့်အကြောင်းကို လုံးဝမပြောတော့ပါဘူး။
တစ်နေ့မှာတော့ ကလေးအကြောင်း မပြောတော့ဘဲ ငြိမ်နေတဲ့ တော်မီလေးကို သတိထားမိသွားတဲ့ သူ့ဆရာမက "တော်မီ - အိမ်ကို ရောက်လာမယ့် မင်းရဲ့ညီလေးလား၊ ညီမလေးလား မသိတဲ့ ကလေး .. ဘာဖြစ်သွားပြီလဲကွဲ့ .." လို့ မေးလိုက်ပါတယ်။
ဆရာမရဲ့မေးခွန်းကြောင့် တော်မီလေးဟာ မျက်ရည်တွေ ပိုးပိုး ပေါက်ပေါက် ကျလာပြီး "မေမေစားလိုက်ပြီထင်တယ်" လို့ ပြောလိုက်ပါတယ်။

0 comments:

လိုအပ်ချက်တွေရေးခဲ့ပေးပါ

uptodate သတင်းများ

နောက်ဆုံးရသတင်းများ