အသည်းကွဲလျှင် ကုသနည်းများ
ယခုခေတ်မှာ
အသည်းကွဲတဲ့ရောဂါတွေ တော်တော်များမယ်လို့ ထင်ပါတယ်.. ဘာလို့လဲဆိုတော့ အပြင်မှာ တွေ့ပြီး
ချစ်ကြိုက်ကြသလို အွန်လိုင်းတွေပေါ်ကနေလည်း ချစ်ကြိုက်နေရတာကို တွေ့နေရပါတယ်.. အဲဒီတော့
အသည်းကွဲတဲ့အခါ ဘယ်လိုနေရမလဲ.. ဘယ်လိုနေရင် ရောဂါသက်သာမလဲ ဆိုတာကို အကြံပြုချင်ပါတယ်...
အသည်းကွဲသောအခါ မလုပ်သင့်သောအရာ(၁၀)ချက် 1. အသည်းကွဲသောသီချင်းတွေနားမထောင်ပါနဲ့
2.သူ့နဲ့ပတ်သတ်တဲ့အရာတွေခေါင်းထဲကိုရောက်လာတာနဲ့ ချက်ချင်းဖယ်ပစ်လိုက်ပါ 3.
သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါသူ့အကြောင်းလုံးဝမပြောပါနဲ့ 4. သူနဲ့သွားခဲ့တဲ့နေရာတွေကိုအတတ်နိုင်ဆုံးသွားခြင်း ရှောင်ကြဉ်ပါ 5.သူ့ကိုရွှဲတဲ့စိတ်နဲ့နောက်တစ်ယောက်ထားမယ်ဆိုတာဘယ်တော့မှ မလုပ်ပါနဲ့ 6. မာနကိုအတတ်နိုင်ဆုံးလျော့ပါ 7. အတွဲတွေမြင်တိုင်းသူ့ကိုသတိရလိုက်တာဆိုပြီးလိုက်မငေးပါနဲ့ 8. အရက်သေစာ(လုံးဝ)မသောက်စားပါနဲ့ 9. အိမ်ပြန်မအိပ်တာ၊ပါတီသွားတာတွေမလုပ်ပါနဲ့ 10. သူ့ကိုမကျေနပ်မှု့ကြောင့်တစ်ဦး၊ တစ်ယောက်ကိုမှအငြိုးမထားပါနဲ့ အသည်းကွဲပြီးကိုယ့်ချစ်သူကိုမေ့နိုင်အောင်ကြိုးစားနည်း(၁၀)ချက် 1. ရုပ်ရှင်ဟာသကားကြည့်ပါ 2. သူငယ်ချင်းတွေနဲ့ အပြင်သွားလည်ပါ 3. Game များများဆော့ပါ 4. သူငယ်ချင်းတွေနဲ့ဖုန်းများများပြောပါ 5. ခရီးထွက်ပါ (0r) shoppingများများထွက်ပါ 6. မိသားစု နဲ့အမြဲအတူတူရှိနေပါ 7. ကိုယ်ဝါသနာပါရာအလုပ်တစ်ခုကိုအာရုံစိုက်လုပ်ပါ 8. ပျော်စရာတွေကိုပဲစဉ်းစားပါ 9. အစားများများစားပါ 10. ဘုရားတရားများများလုပ်ပါ...။ ဒါဆိုရင်တော့ အသည်းကွဲတဲ့ရောဂါ သက်သာနိုင်ပါလိမ့်မယ်.... အားလုံးပျော်ရွှင်နိုင်ကြပါစေ.

0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ