ღ•♫♪မိန်းကလေးတွေစိတ်လှုပ်ရှားစေသောစကားများ (ကောင်ကလေးတွေအတွက်)ღ•♫♪
(ကောင်ကလေးတွေအတွက်)ღ•♫♪
၁။ ငါ နင့်ကို ဒီလောက်ချစ်တာ....နင်
ငါ့ကို နည်းနည်းပြန်ချစ်ရင် ငါသေပျော်ပါပြီဟာ....
၂။ နင် ထမင်းမချက်တတ်ဘူးဆိုလဲ
ငါ့ဘေးနားမှာနေပြီး...ငါချက်တဲ့ ထမင်းကို နှစ်ယောက်အတူတူစားကြမယ်လေ....
၃။ ဒီကမ္ဘာမှာ နင့်မိဘတွေ ပြီးရင်
နင့်ကို ငါ့လောက် ချစ်တာ ဘယ်သူရှိလဲ.......
၎။ နင်ကလဲ ရိုးလိုက်တာ...နောက်ဆို
ဘာပဲဖြစ်ဖြစ် ..ငါ့နောက်မှာပဲ နေနော်... သိရဲ့လား....
၆။ နင် အဲဒီမှာပဲ ရပ်နေနော်...ဘယ်မှ
မသွားနဲ့... ငါ အခုလာကြိုမယ်....
၇။ နင်ငါ့ကိုချစ်တယ်ဆိုတဲ့စကားအမြဲ
ကြားချင်တယ်..မှတ်ထားပေးနော်...
၈။ နင့်ကို ငါ့ရဲ့ ဘေးမှာ တစ်သက်လုံး
အတူရှိနေစေချင်တယ်....
၉။ လောကကြီးမှာ
ကောင်းတဲ့အရာမှန်သမျှ...ငါရသလို...နင့်မှာလဲ ရှိစေရမယ်....
၁၀။ နင် ငါ့အတွက်
အိမ်သန့်ရှင်းရေးလုပ်ပေးသလို...ငါလဲ နင်လျှောက်မဲ့လမ်းကို
ရှင်းလင်းပေးထားမယ်လေ...
၁၁။ နင့်ကို ချစ်တယ်ဆိုတာ ငါ့ရဲ့
ကိုယ်ပိုင် အမှတ်တံဆိပ်ပဲနော်...ဘယ်သူမှ တရားမ၀င် နင့်ကို ပြောဆိုခွင့်
မပေးနိုင်ဘူး....
၁၂။ နင်လိုချင်တာ...ငါ့မှာရှိရင်
ကျိန်းသေ နင့်ကို ပေးမှာပါ....နင် ငါ့အနားက မထွက်သွားပါနဲ့နော်....
၁၃။ အခု မင်္ဂလာဆောင်စရိတ်တွေ
သက်သာတယ်ကြားတယ်.... ငါတို့ မင်္ဂလာဆောင်ရအောင်...ငါ့ကိုလက်ထပ်ခွင့်ပေးပါ....
၁၄။ ဘ၀ဆိုတာ ဒီလောက် ရှည်လျားတာ...
နင် ငါ့ကို သုံး လေး နှစ် စောင့်ခိုင်း တာ ဘာအရေးလဲ...
၁၅။ ငါကိုယ်တိုင် နင့်ကို
ကံကောင်းခြင်းတွေ ပေးမယ်...တခြားသူတွေကို စိတ်မချပါဘူး....
၁၆။ မင်းတို့ ငါ့ချစ်သူကို
အနိုင်မကျင့်ကြနဲ့နော်..ငါကလွဲလို့ မင်းတို့မှာ ပြောပိုင်ခွင့်မရှိဘူး...
၁၇။ နင်စောင့်နေနော်...တနေ့ကျရင်
ငါ့ကလေးရဲ့ မေမေ လုပ်ရမှာ....
၁၈။ နင့်ကိုယ်နင် သေချာ
စောင့်ရှောက်ပါ...မဟုတ်ရင် နင့်ကို တစ်သက်လုံးစောင့်ရှောက်ခွင့် ငါ့ကို ပေးနော်...
၁၉။နင့်ကို သတိရတဲ့အခါ...ငါ နင့်ကို
အမြဲရှာနေမိတယ်...
၂၀။ ငါ နင့်ကို ကံကောင်းခြင်းတွေ
ပေးတာ...ဘယ်သူမှ တားလို့ မရဘူးဆိုတာ နင်သိလား....
၂၁။ ငါတောင် အပြစ်မတင် ရက်တဲ့
လူကို...ဘယ်သူက အနိုင်ကျင့်လို့ရမှာလဲ....
၂၂။ ဘယ်လို
အချိန်ပဲဖြစ်ဖြစ်...နင့်မှာ လက်ထပ်ချင်တဲ့သူရှိရင် ငါ့ကိုပြောပါ... ငါနင့်ကို
စွန့်လွှတ်ပေးပါ့မယ်...
ღ•♫♪မှတ်ချက်... အထက်ပါ စကားများမှာ... မိမိတကယ်ချစ်သော မိန်းကလေးကို
သာ ပြောရန်ဖြစ်ပါတယ်...ღ•♫♪
0 comments:
လိုအပ်ချက်တွေရေးခဲ့ပေးပါ